~13~

2.9K 379 74
                                    

ZawGyi

********

နေ့လည်က ဂျောင်ကုနဲ့ နေရာကွက်ကြား
စစ်ဖြစ်ပြီး အခန်းထဲမှာ တံခါးဂျက်ချ နေခဲ့တာ အတော်ကို ကြာလေပြီ ဖြစ်သည်။

နေရထိုင်ရတာ အနည်းငယ်တော့
သက်သာနေပြီဆိုပေမဲ့လည်း ခေါင်းကတော့
လေးတေးတေး ဖြစ်နေသေးသည်။ အိမ်ရဲ့
အပေါ်ထပ်ဆိုတော့ အဝေးကိုလှမ်းမြင်နေရတဲ့
ပြတင်းပေါက်လေး တစ်လုံးတော့ ရှိလေသည်။
တခါတလေလည်း စဉ်းစားမိသည်
ဒီကောင်လေးတွေ အလုပ်လုပ်ရတာ တနေတနေ့
စိတ်ကောဖြောင့်ပါမလားဆို၍။

လုပ်နေသည့် အလုပ်က တရားမဝင်
အလုပ်ဖြစ်သည်မလား။

အလုံပိတ်ထားတဲ့ ပြတင်းပေါက်လေးကို
လေဝင်အောင်ဆိုပြီး အနည်းငယ်ဖွင့်လိုက်သည်။
ဒီအခန်းကလူမနေတာကြာပြီ ထင်တယ်
ပြတင်းပေါက်တံခါးကို ဖွင့်လိုက်လေတော့
သံချေးညှိနေသည့်အသံလေးက
သွားကြိမ်းလောက်သည်အထိ မြည်တီးလာတော့
မျက်နှာလေးအနည်းငယ်ရှုံ့မိသည်။

အဝေးကအိမ်လေးတွေကို စမ်းတဝါးဝါးနှင့်
မြင်နေရသည်။ ကောင်းကင်ကို
ကြည့်လိုက်လေတော့ မိုးရိပ်လေးတွေတက်နေပြီး
မိုးဖွှားလေးတွေ တတောက်တောက် နှင့်
စတင် ရွာလာပြီဖြစ်သည်။

မိုးဖွှားလေးတွေကျလာပြီး အရှိန်ရလာလေတော့
မိုးက တဖြေးဖြေးနဲ့ သည်းထန်လာလေသည်။
မိုးက သည်းလာလေတော့ ပြတင်းပေါက်
ဖွင့်ထားသည့်ကြားမှ မိုးဖွှားတွေက ကိုယ့်ဆီသို့
လွင့်စင်လာသည်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်
အနည်းငယ် လွင့်စင် လာနေသည်ကိုတောင်
သတိမထားမိပဲ မိုးရွာကျနေသည်ကိုပဲ
သတိလက်လွတ် ကြည့်နေမိသည်။

ကြည့်နေရင်းကြည့်နေရင်း ဟိုးအဝေးနားက
သုံးထပ်တိုက်ဆီသို့ အကြည့်ရောက်မိသည်။
စမ်းတဝါးဝါးနဲ့ မြင်နေရသော်လည်း
သေချာမြင်အောင် စူးစိုက်၍
ကြည့်မိလိုက်လေတော့ ကောင်မလေးတစ်ယောက်။

ကျောင်းဝတ်စုံလေးကို ဝတ်ဆင်ထားလေပြီး
သုံးထပ်တိုက်ရဲ့ အပေါ်ဆုံး၌ ရပ်နေသည်။
အရမ်းကိုအန္တရာယ်များတဲ့ အနေအထားမှာ
ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချိန်
ထိုကျောင်းသူ ကောင်မလေးက ကိုယ့်ဆီကို
လှမ်း၍ ကြည့်နေလေသည်။ မိုးရေကြားထဲမှ
လှမ်းမြင်နေရသည်ဆိုတော့ ကြက်သီးမွှေးညင်းများ ဖြန်းကနဲ ပင်။

I want to be....[KookJin]✔️Where stories live. Discover now