~4~

2.4K 328 25
                                    

ZawGyi

********

အမေကဆိုင်ကိုပြန်မရောက်သေးတာနဲ့
ကောင်တာမှာထိုင်ပြီး စောင့်နေလိုက်သည်။
အတွေးကတော့ ဟိုတွေးဒီတွေး ဟိုစဉ်းစား
ဒီစဉ်းစားနဲ့ပဲဖြစ်နေသည်။ နှင်းဆီပန်းကိုဘာလို့
ဝယ်သွားတာလဲ။

ထုံးစံအတိုင်း နှင်းဆီပန်း ဘူတာဘက်ပဲပြန်ရောက်
လာတာပေါ့။ ကျနော့်ကိုယ် ကျနော်လည်း
ဘာဖြစ်နေမှန်းမသိပေ သေချာတာကတော့
ဂျောင်ကုဆိုတဲ့ ကောင်လေးက အတွေးထဲ
ခနခနရောက်လာတာမကြာခနပေါ့။
ဘာရယ် မဟုတ် ဂျောင်ကုဆိုသောကောင်လေးက
အကူအညီလိုနေသောအချိန်တိုင်း ရောက်လာလို့
ဖြစ်ပေလောက်မည်။ အဲ့ဒါကြောင့်ကျေးဇူးလည်း
တင်ပြီး အားလည်းနာတဲ့စိတ်ကြောင့်ခနခန
တွေးမိနေတာလည်းဖြစ်နိုင်တာပဲ။

"ကလင်…"

"အမလေးမောလိုက်တာ…"

တံခါးဘဲလ်သံကြားလို့ ကြည့်လိုက်လေတော့
တမောတပန်းဖြင့် ချွေးတွေလည်းစိုရွှဲကာ
ပြန်လာသောအမေဖြစ်သည်။

"အမေ…"

"ဟင်…ဆော့ဂျင်…သားရောက်နေတာလား"

"အမေကလည်း…သားခနခနပြောတယ်
နှင်းဆီပန်းတွေပို့ရမယ်ဆို သားကိုပြောလေ
ဒါမှမဟုတ်အချိန်ပိုင်းခေါ်ဆိုတော့လည်း
အမေကမခေါ်ဘူး…"

ထို့နောက်ကောင်တာရှိရာကိုလာပြီး
ပိုက်ဆံထည့်တဲ့အံဆွဲကိုဖွင့်လိုက်ကာ
ပန်းစည်းပို့ပေးပြီးရလာတဲ့ပိုက်ဆံကို
ထည့်နေရင်း။

"အမလေး…ဆော့ဂျင်ရယ်…အမေကအကောင်း
ကြီးရှိပါသေးတယ်သွက်လက်ချက်ချာနေကော
ဘာမှမဖြစ်ဘူးကြည့်လိုက် အေးဆေးပဲ…"

"ပြီးတော့လေအမေကအမြဲတမ်းတံခါးကို
မပိတ်သွားဘူးသိလား…တော်ကြာသူခိုးတွေ
ဘာတွေကပိုက်ဆံတွေယူသွားရင်ကော"

ဘာမှပြန်မပြောပဲပြုံးပြုံးလေးဖြင့်သာ
ပိုက်ဆံရေ နေသောအမေဖြစ်သူအား
ဆော့ဂျင်လည်းဘာပြောလို့ပြောရမှန်းမသိ
တော့ပေ။

"သား…deli အလုပ်ပြန်လုပ်မှာနော်…"

ဆော့ဂျင်အမေဖြစ်သူရဲ့ပိုက်ဆံများကိုရေတွက်
နေသောလက်များရပ်တန့်သွားပြီးအပြုံးများပါ
ပျောက်ကွယ်သွားသည်။ သို့ပေမဲ့ အမေ့ကို
နတ်သမီးလေးတစ်ပါးနဲ့ ဘာလို့တင်စားတာလဲ
ဆိုလေတော့ အမေ့မျက်နှာကသူများနဲ့မတူပဲ
အေးချမ်းလှတဲ့အပြုံးကိုအမြဲတမ်းပန်ဆင်ထား
တက်သည်။ အခုလည်းကြည့်လေ အပြုံးများ
ရုတ်တရက်ပျောက်ကွယ်သွားပေမဲ့ ချက်ချင်းကို
အပြုံးပန်း ပန်ဆင်သည်။

I want to be....[KookJin]✔️Where stories live. Discover now