ZawGyi
********"ဒုန်း…ဒုန်း…ဒုန်း…ဒုန်း…"
ကိုယ့်ကိုတဇွတ်ထိုးဆန်စွာနမ်းရှိုက်ပြီး
'ကျုပ်ကို 2 လအတွင်းကြိုက်လာအောင်
လုပ်ပြမယ်' ဆိုတဲ့စကားကိုပြောပြီးအခန်းပြင်ကို
ခြေလှမ်းကျဲကျဲတွေဖြင့်ဆောင့်ဆောင့်
အောင့်အောင့်ထွက်သွားသည်။ဆော့ဂျင်လည်း ဘယ်ဘဝက ဝဋ်ကြွေးလဲတော့
မသိပါဘူး ဒီအမူးဘားနဲ့ပဲ တိုင်ပတ်နေတယ်။
ဂျောင်ကုမူးရင်လည်း ခပ်လန့်လန့်…တခါတလေ
အရက်နံ့မွှန်ထွန်နေအောင်ရနေပေမဲ့ စိတ်ထဲက
မမူးတာမျိုးတွေရှိတော့။"ဒီမှာ…"
အခန်းပြင်ဘက်ကနောက်ထပ်အသံကြားရ
လေတော့လှည့်ကြည့်မိသည်။ တွေ့လိုက်ရသည်က စာရွက်တစ်ရွက်ကို
ထောင်ပြထားလေသောဂျောင်ကု။ ဘာကို
ဆိုလိုနေမှန်းမသိတော့လည်းမျက်မှောင်ကြုံ့ကြုံ့
နဲ့သာကြည့်မိသည်။ အခန်းမီးကလည်းမဖွင့်ထား
လေတော့ပိုဆိုး။"ဒီစာချုပ်မြင်လား…2 လအတွင်းမှာခိုင်းတာ
အကုန်လုပ်ရမယ် အဲ့ဒါဆိုအကြွေးကြေပြီ
နောက်တော့ခင်ဗျားမေ့နေမှာဆိုးလို့ကျုပ်ထပ်ပြီး
ပြောလိုက်မယ်…ကျုပ်ကခင်ဗျားဆီကပိုင်ဆိုင်
မှု တွေနည်းနည်းစီယူသွားမှာ…""ဘယ်လို…"
"ဘယ်လိုတွေ ဘယ်လက် တွေလုပ်မနေနဲ့
ကြားတဲ့အတိုင်းပဲ…ခင်ဗျားဆီကပိုင်ဆိုင်မှုတွေ
နည်းနည်းစီယူသွားမှာ…""လူစကားပဲပြော…"
"ခင်ဗျားကလူလိုမှနားမလည်တာ…"
"မင်း!…"
"ခင်ဗျားဆီကပိုင်ဆိုင်မှုတခုယူထားတယ်
ဒါပေမဲ့တဝက်တပျက်နဲ့ပဲ မကြေပေးဘူး…"ဒီအမူးဘားနဲ့တော့ ဆော့ဂျင်တို့ခက်ပြီ။
"အာ့…"
ဂျောင်ကုကိုပြောသာပြောနေရတာတကယ်တမ်း
နေကလည်းမကောင်းတော့ ဗီဇကပြလာပြီလေ
အဖျားတက်ရင်ဘာမှကိုမသိတော့တာ။ခနတာရိပ်ကနဲဖြစ်သွားတော့ နားထင်ကို
လက်ချောင်းများဖြင့်ဖိပြီးထိန်းမိသည်။"ဘာဖြစ်နေတာလဲခင်ဗျား…"
"ဂျောင်…ဂျောင်ကု…ပြန်…ပြန်ပါတော့
ငါ…ငါ…"
YOU ARE READING
I want to be....[KookJin]✔️
Romanceကျွန်တော် ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ဆိုတာ မသိခဲ့ဘူး ဒါပေမဲ့ သူနဲ့ တွေ့မှ ဘာဖြစ်ချင်လဲ ဆိုတာသိသွားခဲ့ပါပြီ...... ကျွန်တော် ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ဆိုတာ မသိခဲ့ဘူး ဒါပေမဲ့ သူနဲ့ တွေ့မှ ဘာဖြစ်ချင်လဲ ဆိုတာသိသွားခဲ့ပါပြီ...... Start_ 29.3.2022 End_ 22.6.20...