~15~

3K 375 61
                                    

ZawGyi

********

ှလှတယ်?…ဂျောင်ကုက ကျနော့်ကို လှတယ်လို့
ပြောလိုက်တာလား။ ဒါ…ဒါပေမဲ့ ကျနော်က
ယောကျာ်းလေးလေ
အကြောင်းမရှိပေမဲ့ ရင်တွေခုန်နေမိတယ်။
ဘယ်လိုဖြစ်တာလဲ လှတယ်လို့ ပြောရင်
မကြိုက်ပေမဲ့ သူပြောမှ ဘာလို့ ရင်တေခုန်
နေရတာလဲ။

"ငါ…ငါကယောကျာ်းလေးတစ်ယောက်လေ
ဘယ်လိုလှတာလဲ ငါမကြိုက်ဘူး…"

"အွန်း…ခင်ဗျားက ယောကျာ်းလေးပေမဲ့
လှတယ်…"

"ဘယ်လို…မင်းပြောတာက ငါ့ကို
ယောကျာ်းမပီသဘူးလို့ ပြောလိုက်တာလား"

"မပြောမိပါလား…ခင်ဗျားက နွဲ့ပြီး အပိုအရိုတွေ
ချွဲကပ် လုပ်နေတဲ့ အခ်ျို့ မိန်းကလေးတွေလို
မဟုတ်ဘူး ဒီတိုင်း ခင်ဗျားက လှတယ်…"

"အချို့ မိန်းကလေးတွေဟုတ်လား…"

"ဟာ…"

ဂျွန်ဆော့ဂျင် တို့ကို မရစ်တက်ဘူးလို့
ထင်ခဲ့တာ မှားပြီထင်တယ်။

ဆော့ဂျင်ကို ဂျောင်ကုကြည့်လိုက်တော့လည်း
မျက်မှောင်ကို မလိုအပ်ပဲ တွန့်ချိုးထားသေးသည်။

ဂျောင်ကုလည်း ဆော့ဂျင် မျက်ခုံးနားသို့
လက်ကလေး အသာ ရောက်သွားသည်။
ဆော့ဂျင်ကတော့ ရုတ်တရက် ဖြစ်တာကြောင့်
အနောက်ကို နည်းနည်း ရုတ်လိုက်လေတော့။

"ကျစ်!…ခင်ဗျားကို ဘာမှမလုပ်ပါဘူး"

ဂျောင်ကု ထိုသို့ ဆိုလေတော့ ငြိမ်ကျသွားသည်။
ဆော့ဂျင်ရဲ့ မျက်ခုံးလေးတွေဆီကို
လက်ကလေးဖြင့် ဖွဖွ လေး ဖိသပ်လိုက်ပြီး။

"မျက်မှောင်တွေကို အမြဲတမ်း တွန့်ချိုးမထားနဲ့
ချစ်စရာကောင်းတဲ့ မျက်နှာကို ဖျက်နေတယ်
မဟုတ်ဘူးလား…ဂျွန်ဆော့ဂျင်…"

ရင်ခုန်သံတွေ စည်းချက်ညီစွာ မြည်တီးနေသည်
ဘာလို့လဲ…ရင်မခုန်သင့်ဘူး နေမကောင်းဖြစ်လို့
ရင်တွေ ခနခန ခုန်နေတာ များလား။
မဖြစ်သင့်ဘူး ဆော့ဂျင် ရင်မခုန်နဲ့
ဒီကောင်လေးကို ဒီတိုင်း သံယောဇဉ်ရှိတာ
အဆင့်မကျော်ဘူး။

"ဒါနဲ့…ခင်ဗျား…မအိပ်တော့ဘူလား"

"ဟမ်…အော်…အိပ်…အိပ်မှာ"

I want to be....[KookJin]✔️Where stories live. Discover now