~17~

3.1K 384 113
                                    

ZawGyi

********

"အရမ်းလွမ်းနေခဲ့တာ… ဂျွန်ဆော့ဂျင် ရယ်"

သူ့ ရဲ့နွေးထွေးလှတဲ့ ရင်ခွင်ကျယ်ထဲမှာ
ငြိမ်နေမိရင်း နှလုံးခုန်နှုန်းများမှာမူမမှန်
တော့ချေ။ ရင်ဘတ်ချင်းထပ်တူကျနေသည့်
အနေအထားမှာဆိုတော့ ကိုယ့်ရဲ့ရင်ခုန်သံတွေ
ခံစားမိသွား မှာကိုလည်း စိုးရိမ်နေမိသည်။

ဖက်ထားသည်ကို ဖယ်ခွာပြီး ဆော့ဂျင်ရဲ့
မျက်နှာလေးကို လက်ကလေးနှစ်ဖက်ဖြင့်
အုပ်ကိုင်လိုက်ကာ…တစိမ့်စိမ့်လေး
ကြည့်နေသော ဂျောင်ကု။

"ဂျွန်ဆော့ဂျင် ထမင်းမစားဘူးလား …မျက်နှာက
ပိန်သွားသလိုပဲ ပါးဖောင်းဖောင်း လေးတောင်
နည်းနည်း ပျောက်သွား သလိုပဲ…"

ကျနော် ဖြေမဆည်နိုင်တော့ပါ သူ့ ရဲ့ စကား
တစ်ခွန်းတိုင်းက လူကိုသတ်နေသလိုပဲ။
နှလုံးခုန်နှုန်း အရမ်းကိုမြန်လာလို့ သေတော့မလားတောင် အောက်မေ့ရသည်။

မိုးရေထဲမှာ ထီးမပါဘာမပါနဲ့ နှစ်ယောက်သား
ဘလိုင်းကြီးရပ်နေတာကြောင့် နှုတ်ခမ်းများမှာ
တုန်စပြုလာသည်။

"ဂျောင်ကု…"

ဂျောင်ကုရဲ့ လက်ကို အပေါ်မှ ထပ်၍ အုပ်ကိုင်ကာ
ဖယ်လိုက်ပြီး။

"မိုးရွာနေတယ်လေ…"

"အေးလို့လား…"

"မိုးရေတွေ စိုကုန်ပြီလေ အိမ်ကို အရင်ဆုံး
ပြန်ကြရအောင်နော်…"

ထိုအခါမှသာ ဂျောင်ကုလက်များ ဖယ်ခွာ
သွားပြီး ကြမ်းပြင်၌ အထီးကျန်စွာ ကျနေသော
ထီးလေးကို ကောက်ယူလိုက်သည်။
ထို့နောက် ဆော့ဂျင်ကို ဆောင်းပေးနေသဖြင့်။

"ရတယ်… မင်း…မင်းပဲဆောင်း…ဆောင်းပါ
ငါ့မှာက ထီးတလက်ရှိတယ်…"

အဖေပေးထားတဲ့ ထီးလေးကို ဖွင့်ဆောင်းမည်
ကြံတော့ လက်ကလေးတစ်ဖက်က ထပ်မံ
ကျရောက်လာသဖြင့် မော့ကြည့်လိုက်တော့။

"အတူတူဆောင်းမယ်လေ…"

"အော်…မင်း…မင်းသဘော"

ဘာတွေဖြစ်နေလဲတော့ မသိပေမဲ့ သူ့ သဘော
အတိုင်း ထီးလေးတစ်လက်ကို အတူတူ
ဆောင်းပြီး အိမ်ပြန်ခဲ့ကြသည်။

I want to be....[KookJin]✔️Where stories live. Discover now