ZawGyi
********
အဖြစ်အပျက်တွေကမြန်ဆန်လွန်းခဲ့တယ်
ကမ္ဘာကြီးကလည်းတကယ့်ကိုကျဉ်းကျဉ်းလေး
ဖြစ်ပေသည်။ ဒါမှမဟုတ် ကံကြမ္မာကနောက်ထပ်
တချိန်တွေ့စေချင်လို့ပြန်ဆုံခွင့်ပေးတာလား။"ကတောက်…"
ဘောင်းဘီဘေးအိတ်ထဲမှ စီးကရက်ကို
ထုတ်လိုက်ကာ ဘေးဘက်စင်ပေါ်မှမီးခြစ်ကို
ယူကာမီးညှိနေလေသည်။အငွေ့တွေကိုတမင်သက်သက်များအောင်
ကိုယ့်အရှေ့မှာဖွှာလိုက်လေတော့။"အဟွတ်…အဟွတ်…"
"စီးကရက်နံ့ကိုခင်ဗျားမခံနိုင်ဘူးမလား
ခင်ဗျားမွှန်ထွန်ပြီးဒီမှာမနေနိုင်လောက်တဲ့ထိ
သောက်ပြမယ်…"ဆော့ဂျင်လည်းနှာခေါင်းကိုလက်ဖြင့်
အသာအုပ်လိုက်ပြီး။"တခုခုတော့အထင်မှားနေတယ်ထင်တယ်
ငါကအလုပ်လုပ်မှာ…ဒီမှာအားတိုင်းယားတိုင်း
နေမှာမဟုတ်ဘူး…"ထိုသို့ပြောလိုက်လေတော့ သံအမှိုက်ပုံးထဲကို
တစ်ချက်နှစ်ချက်သာဖွှာရသေးတဲ့ စီးကရက်
လေးကိုပစ်ထည့်လိုက်လေသည်။ ထို့နောက်
အကြည့်စူးစူးကကိုယ့်ဆီသို့တချက်ရောက်
လာသည်။အကြည့်ချင်းဆုံပြန်တော့လည်း ရင်ထဲ
တမျိုးတမည်သောခံစားချက်လေးခံစားရသည်။
ဘာလို့လဲ…ဘာလို့သူ့ ရဲ့အကြည့်စူးစူးတွေကို
မခံစားနိုင်ရတာလဲ။"ဟင်း~…"
ထို့နောက်နှုတ်ခမ်းထောင့်စွန်းတဖက်ကွေးညွှတ်
ကာခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။ဒေါသလည်းထွက်သလို…စိတ်ကလည်း
ထင်သလောက်အားမရပေ။ စိတ်ရှိတိုင်းသာဆို
အော်ဟစ်ပြီးပြောလိုက်ချင်ပေမဲ့ ပြောမထွက်ပေ
ဘာမို့လို့လဲ ဂျွန်ဂျောင်ကု ဆိုတဲ့သူကဘာမို့လို့လဲ။လက်သီးကိုသာကျစ်ကျစ်ပါအောင်ဆုပ်ထား
လိုက်သည်။ ထို့နောက် အခန်းပြင်ဘက်ကို
ထွက်လာလေတော့…"ဟမ်…"
ဘယ်သူ့ မှမရှိပေ။ ခုနလေးတင်ဂျောင်ကုက
ထွက်သွားတာမှန်ပေမဲ့ဘယ်ကိုရောက်သွား
တာလဲ။
YOU ARE READING
I want to be....[KookJin]✔️
Romanceကျွန်တော် ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ဆိုတာ မသိခဲ့ဘူး ဒါပေမဲ့ သူနဲ့ တွေ့မှ ဘာဖြစ်ချင်လဲ ဆိုတာသိသွားခဲ့ပါပြီ...... ကျွန်တော် ဘာဖြစ်ချင်လဲ ဘာလိုအပ်လဲ ဆိုတာ မသိခဲ့ဘူး ဒါပေမဲ့ သူနဲ့ တွေ့မှ ဘာဖြစ်ချင်လဲ ဆိုတာသိသွားခဲ့ပါပြီ...... Start_ 29.3.2022 End_ 22.6.20...