စာစဉ် ၂၉ (၁၁-၂၀)
1.3K 162 1
စာစဉ် ၂၉၊ အခန်း ၁၁။  အတူရှိရင်းမှသည် ‌ဝေ◌းကွာခြင်းဆီသို့ (4)
“အဲ့ဒါက ငါ့ရဲ့ဘ၀ဆိုတာကို မင်းသိရဲ့လား အဲ့ဒါ ငါ့ကလေး ကွ ဘယ်လိုများ ငါ့ကိုမပြောပဲ မင်း သဘောကျ လုပ်ပစ်လိုက်တာလဲ”
“အဒေါ်ကြီးသာ ကိုယ်ဝန်စစ်တံကိုရှာမတွေ့ခဲ့ရင် ဖျက်ချခဲ့တာကိုတောင် မင်းပြောမှာမဟုတ်ဘူးမလား ငါကတော့ အရူးတစ်ယောက်လို ကိုယ့်ကလေးရှိခဲ့တာကိုတောင်မသိပဲ နေသွားရမှာပေါ့”
“ရှုဝန်နူး မင်းငါ့ကိုမုန်းချင်မုန်း သတ်ပစ်ချင်လည်း သတ်လိုက် ဒါပေမဲ့ဘယ်လိုလုပ် ငါ့ကလေးကိုသတ်ပစ်ရတာလဲ”
အဖေဖြစ်ပြီဆိုသည့်အတွေးနှင့် လုဘန်ချန်း ပျော်နေခဲ့တာပေမဲ့ သူမကတော့ လုပ်ရက်သည် မို့ လုဘန်ချန်း နှလုံးအိမ်တို့ ပေါက်ကွဲထွက်မတတ်ပင် ခံစားနေရပါ၏....
သူမအတွက် ကျန်းမာရေးစာအုပ်တွေကအစ၀◌ယ်ပြီး သူမကိုဂရုစိုက်ပေးမဲ့ လူအထိ ခေါ်ပြီးနေပြီးခါမှ သူမက လုပ်ရက်ခဲ့သည် ။ မနေ့ကတင် ကိုယ်ဝန်ရှိကြောင်း သိခဲ့တဲ့ သူမက ဒီနေ့ ဆေးရုံသွားပြီး ဖျက်ချပစ်လိုက်သည်က မယုံနိုင်လောက်အောင်ပင် ..
သူမ တကယ်ကို သွေးအေးလွန်းသည်ပဲ .....
ဒေါသစိတ်ကြောင့် ရှုဝန်နူး အင်္ကျီကော်လာကို ပိုတင်းကြပ်စွာဆုပ်ကိုင်ထားလိုက်ပြီးနောက် ...
“ရှုဝန်နူး မင်းလို သွေးအေးပြီး ခံစားချက်မရှိတဲ့ မိန်းမမျိုး ငါပထမဆုံး မြင်ဖူးတာပဲ မင်းက လူသတ်သမား ... ၀ူဟောင်မင်းကို ထားပြီး ကျန်းချန်းချန်းနဲ့ သွားနေခဲ့တာ အံ့သြစရာမရှိတော့ဘူးပဲ မင်းလို ရက်စက်တဲ့ မိန်းမမျိုးကို ၀ူဟောင် သဘောမကျတာမဆန်းဘူး”
လုဘန်ချန်း စကားကြောင့် ရှုဝန်နူး မျက်နှာပင် ပိုလို့ဖြူလျော့လာရပြီး လုဘန်ချန်းအကြည့်တို့ကို ပြန်တုံ့ပြန်လိုက်တော့သည် ။
“ဟုတ်တယ် ကျွန်မက လူသတ်သမားပဲ .. ရှင့်ကြောင့်သတ်ခဲ့တာ မုဒိမ်းကောင်ရဲ့”
“ကျွန်မ စိတ်ထဲမှာ ရှင်နဲ့အတူရှိနေရမဲ့ အချိန်တွေကို အမြန်ကုန်ချင်တာပဲ သိတယ်”