\3\

6.6K 1.1K 70
                                    

[Unicode]

ယုယီက အရူးလေးပါ၊ ဒါပေမဲ့ အရူးလေးမှာလည်း အလှအပကိုခံစားတတ်စိတ်လေး ရှိပါသေးတယ်။

သူ့ရဲ့အလှအပရေးရာစံနှုန်းအရဆိုရင်တော့၊ ကျန်းချူက ကြည့်ကောင်းတဲ့အမျိုးအစားထဲမှာပါဝင်တယ်။
ယုယီက ကျန်းချူကိုငေးမောနေတယ်...ထိုအကြည့်များမှလွဲရင်၊ အခြားသောအပြုအမူတော့မရှိပေ။

လောကကြီးက အလှလေးတွေအပေါ် ချစ်ခင်နှစ်သက်စိတ်အပြည့်အဝရှိတတ်တယ်။
ယုယီလိုကောင်လေးအတွက်ကတော့ ကျန်းချူက ရုပ်ချောတယ်...ထိုထင်မြင်ချက်တစ်ခုသာ ခေါင်းစဉ်တပ်မိလိမ့်မယ်။

လက်ရှိအချိန်မှာ...ခပ်ကျယ်ကျယ်ဧည့်ခန်းကြီးထဲ...ယုယီ ယုံကြည်အားကိုးသူက အန်တီကျိုး၊ သူ့အရှေ့က သူစိမ်းအမျိုးသားနှစ်ယောက်မဟုတ်ဘူး။

အရယ်အပြုံးကင်းမဲ့နေချိန်ဆို၊ ကျန်းချူမျက်နှာက အလွန်မာကြောတယ်...ချဉ်းကပ်ဖို့ခဲယဉ်းလှတယ်။

ယုယီဟာ အန်တီကျိုးနောက်ဝင်ပုန်းနေရပြီ။
သို့သော်လည်း၊ အန်တီကျိုးရဲ့ပြောစကားကို သူအမှတ်ရသွားခဲ့တယ်...နန်းတော်ကြီးရဲ့ပိုင်ရှင်မင်းသားလေးနဲ့ သူတွေ့ရမှာ!

အဲ့တော့၊ ပုန်းနေလို့မဖြစ်တော့ပြန်ဘူး...တွန့်ဆုတ်စွာနဲ့ပဲ အရှေ့ပြန်ထွက်လာခဲ့တယ်။

တစ်ခဏတာအချိန်အတောအတွင်းမှာပဲ၊ ကျန်းချူဟာ သတိပြန်ကပ်သွားခဲ့ပြီ။

တူလွန်းတယ်!

ဒါပေမဲ့ မတူတဲ့အချက်တွေလည်းများနေပြန်ရော။
ဥပမာပြောရရင်၊ ယုယီမျက်လုံးတွေက ရိုးရှင်းလွန်းတယ်...လူကြီးတစ်ယောက်နဲ့မတူဘူး။
ပြီးတော့...အဲ့လူရဲ့နှုတ်ခမ်းက ပိုပါးတယ်။

နှုတ်ခမ်းပါးသူတွေက အေးစက်တတ်တယ်လို့ဆိုကျတယ်...နှုတ်ခမ်းမထူမပါးနဲ့ယုယီကတော့ 'ချစ်ခြင်းတရားနဲ့အေးစက်ခြင်း'ကိုတောင် နားလည်မယ်မထင်ဘူး။

မိမိရဲ့စိတ်လွင့်မှုကြောင့်၊ ကျန်းချူမျက်နှာဟာ ပို၍အေးစက်လာခဲ့ပြီ။
တင်းမာနေသောအသံဖြင့်ပဲ၊ လင်းဖူရွှင်ကိုစကားဆိုတယ်
"သူ့ကို မနက်ဖြန်ပြန်ပို့လိုက်တော့"

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now