\12\

6.3K 1.1K 136
                                    

[Unicode]

ဒီနေ့ရဲ့ကျန်းချူစိတ်အခြေအနေဟာ အလွန်ဆိုးရွားနေပါတယ်။ တတိယဦးလေးကျန်းဝေက သူ့ရဲ့သည်းခံစိတ်ကို လာလာဆွနေတယ်။

ဘိုးဘွားရိပ်သာက ကျန်းချူဆီဖုန်းဆက်လာတယ်...တတိယဦးလေးက သူ့အဘိုးဆီရောက်လာခဲ့တယ်တဲ့။

အဘိုးဟာ သတိကောင်းနေစဉ်အချိန်ကတည်းက၊ ကျန်းဝေနဲ့ အမျိုးဖြတ်ထားခဲ့ပြီးသား။
အဘိုးကို လာအနှောင့်အယှက်ပေးခြင်းက...ကျန်းချူကို စိန်ခေါ်လိုက်ခြင်းတစ်မျိုးပဲ။

သတင်းရရချင်းမှာပဲ၊ အလုပ်တွေအားလုံးကိုပစ်ကာ ဘိုးဘွားရိပ်သာဆီ အပြေးသွားခဲ့တယ်။
သူရောက်သွားတော့ ကျန်းဝေကထွက်ပြေးသွားခဲ့ပြီ။ အရိပ်အယောင်တောင် မချန်ခဲ့ဘဲ၊ စိတ်မရှည်စွာဒေါသကြီးနေတဲ့ လူအိုကြီးကိုသာမြင်တွေ့ရတယ်။

ကျန်းဝေက အစွမ်းအစသိပ်မရှိပါဘူး...ကျန်းချူရဲ့အဖိအနှိပ်ကို မကြာခဏခံနေရမြဲပင်။
ကိစ္စအသေးအမွှားလေးများဖြင့်သာ၊ ကျန်းချူကို စိတ်အနှောင့်အယှက်ပေးတတ်တယ်။

သူနာပြုတွေက ပြန်ပြောပြတယ်။
ကျန်းဝေရဲ့ကိုယ်ထင်ပြမှုက အဘိုးကို အတော်လေးစိတ်ဆိုးစေတယ်တဲ့၊ နေ့လည်စာစားဖို့တောင် ငြင်းဆန်နေတယ်။

ကျန်းချူဟာ အာဟာရဖြည့်စွက်စာပန်းကန်ကို ကိုင်လျက်၊ အဘိုးကို သူကိုယ်တိုင်ထမင်းချော့ကျွေးတယ်။

"အဘိုး"
မူလအေးစက်မှုများဟာ အဘိုးဖြစ်သူရှေ့တွင်တော့ ချုပ်တည်းလို့ထားခဲ့တယ်...အဘိုးကိုချွဲနေတဲ့ မြေးလေးတစ်ယောက်အလားပင်၊ အသံကပါ နူးညံ့နေခဲ့တယ်။
"သူနာပြုဆရာမက ပြောတယ်၊ အဘိုး စိတ်ဆိုးနေပြန်ပြီဆို"

အယ်ဇိုင်းမာဝေဒနာရှင်အဘိုးအိုဟာ ကလေးငယ်တစ်ယောက်နဲ့မခြားနားဘူး၊ စိတ်ရှည်သည်းခံမှုများ များစွာလိုအပ်တယ်။
ကျန်းချူက ကျင့်သားရနေခဲ့ပါပြီ။

ကျန်းချူကိုမြင်တော့၊ အဘိုးရဲ့ခပ်မဲ့မဲ့မျက်နှာဟာ ပြေလျော့လို့သွားခဲ့တယ်။
"သူ့ကို မမြင်ချင်ဘူး!"

ဖြည့်စွက်စာပန်းကန်ကို စားပွဲငယ်ပေါ်တင်လိုက်ပြီး၊ ကျန်းချူက အနူးညံ့ဆုံးပြုံးပြတယ်။
"သူထပ်ရောက်လာရင်၊ တံမြက်စည်းနဲ့ ရိုက်ထုတ်ပစ်မယ်!"

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now