\14\

6K 1.1K 32
                                    

[Unicode]

စာသင်ကြားခြင်းဆိုတာက သာမန်လူတွေအတွက်တောင်မှ ခက်ခဲနိုင်ခြေရှိတယ်။
ဉာဏ်ရည်နိမ့်ပါးတဲ့ ယုယီအတွက်ဆိုရင်၊ စာရေးခြင်းရဲ့အခြေခံသဘောတရားဟာတောင် လွန်စွာခက်ခဲနေပါလိမ့်မယ်။

Ms.ရွှီဟာ ဒီအလုပ်လုပ်လာတာ ၁၀နှစ်နီးပါးရှိခဲ့ပြီ။
ထူးခြားတဲ့သူတွေကို စာသင်ခိုင်းတာမျိုးက၊ ရှားပါးတဲ့လုပ်ငန်းစဉ်တစ်ရပ်တော့ မဟုတ်ပါဘူး...ဒီတစ်ခေါက်ရဲ့အပ်နှံသူက အချိန်နည်းနည်းပဲပေးထားတယ်။ သင်ကြားခြင်းကို အရှိန်မြှင့်ဆောက်ရွက်ဖို့လိုအပ်လာတယ်။

ပထမဆုံးနေ့မှာ၊ ပျင်းစရာကောင်းသောစုတ်ချက်တွေအပေါ် ယုယီစိတ်ဝင်စားလာစေရန်...ဆရာမရွှီဟာ မနည်းကြိုးစားခဲ့ရပါတယ်။
ထင်ရှားသောကတ်ပြားတွေဖြင့် ယုယီကိုဆွဲဆောင်ကြည့်တယ်။
စစချင်းမှာတော့၊ ယုယီဟာ 'သူ့ညီလေးလို စာသင်ရတော့မယ်'ဟူသောအသိဖြင့် စိတ်ဝင်တစားရှိနေခဲ့ပါတယ်။ သို့ပေမဲ့၊ ဘေးပတ်ဝန်းကျင်ရဲ့လှုပ်ရှားမှုတွေက သူ့ရဲ့အာရုံကို လျင်မြန်စွာပျက်ပြားစေတယ်။

အန်တီကျိုးရဲ့ခြေသံ...ပြတင်းပေါက်အပြင်ဘက်မှ လေတိုက်သံ...စာရွက်ပေါ်ထိကပ်သွားတဲ့ ဘောပင်ရဲ့ရေးခြစ်သံ...သို့မဟုတ်လည်း ဆရာမရွှီရဲ့မျက်နှာ။

ပျင်းစရာကောင်းလွန်းတဲ့စာသင်ချိန်က ယုယီကိုစိတ်လွင့်စေတယ်။ သူ့ရဲ့တစ်ရေးအိပ်ချိန် မုန့်စားချိန်တွေပါ ပေးနေရပြီ...စာသင်ဖို့အတွက်။
အန်တီကျိုးနဲ့လင်းဖူရွှင်ရဲ့ ထပ်တလဲလဲအမှာစကားတွေကြောင့်သာ မဟုတ်ရင်၊ ယုယီ အိမ်ပြင်ထွက်ဆော့နေမိလောက်ပြီ။

နောက်တစ်နေ့မှာတော့၊ ဆရာမရွှီက အရောင်စုံပစ္စည်းများဖြင့် ယုယီမှတ်မိနိုင်အောင်ကူညီပေးတယ်။
သို့သော်လည်း၊ ယုယီစိတ်စွဲနေခဲ့တာက သူ့ရဲ့လေယာဉ်ပျံလေးသာ...ပြတင်းပေါက်အပြင်ဘက်သို့ ငေးမောလေ့ရှိတယ်။

ဆရာမရွှီက ယုယီကိုဘောပင်ကိုင်စေတယ်။
ယုယီ သေချာမကိုင်နိုင်ပါဘူး...အမျိုးအမည်မသိစာလုံးတွေကို စာရွက်ပေါ်ခြစ်ဆွဲနေရင်း၊ ဆရာမရွှီကို နားမလည်ဟန်ပြန်ကြည့်တယ်။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now