\16\

5.8K 1K 38
                                    

[Unicode]

လင်းဖူရွှင်ပြောခဲ့သလိုပါပဲ...အိပ်ရာမှနိုးလာတဲ့ယုယီဟာ ဝမ်းနည်းခြင်းများပြေပျောက်လျက်၊ ပျော်ရွှင်တက်ကြွသူလေး ပြန်ဖြစ်သွားခဲ့ပြီ။

ကျန်းချူအောက်ထပ်ဆင်းလာတော့၊ သစ်သီးစိတ်လေးတွေထိုင်စားနေတဲ့ ယုယီကိုတွေ့လိုက်ရတယ်။
သစ်သီးစိတ်လေးတွေဟာ အန်တီကျိုးရဲ့လက်စွမ်းပြမှုဖြင့်၊ ချစ်စရာတိရိစ္ဆာန်ပုံစံလေးများ ပုံဖော်လို့ထားတယ်။

ယုန်ပုံစံပန်းသီးတစ်စိတ်ကို ယုယီက ပါးစပ်ထဲကောက်ထည့်တယ်။ ကျန်းချူကို မြင်မိချိန်မှာ၊ လှမ်းအော်ခေါ်လာတယ်။
"ကျန်းချူ! ယုန်လေးစားဦး!"

ကျန်းချူက ပန်းသီးမကြိုက်ပါဘူး။
ယုယီလက်ထဲမှ ပန်းသီးကိုတော့၊ ကျန်းချူဟာ လက်ခံရယူလိုက်တယ်။

သစ်သီးတွေစားပြီးနောက်မှာ၊ ယုယီက လက်ဆေးကြောတယ်။ သူပြန်ရောက်လာတော့၊ ကျန်းချူဟာ ဖုန်းတစ်လုံးကို ယုယီလက်ထဲထည့်ပေးလာတယ်။

ဒီလေးထောင့်အပြားကြီးကို ယုယီမမြင်ဖူးဘူး။
သူက သိချင်စိတ်အပြည့်ဖြင့်မေးတယ်
"ကျန်းချူ! ဒါက ဘာလဲ?"

"အဲ့ဒါက..."
ယုယီနားလည်လောက်မည့်စကားလုံးမျိုးကို ကျန်းချူစဉ်းစားနေရတယ်။
"မင်းနဲ့ငါ့အကြားက လျို့ဝှက်ချက်လေး"

"လျို့ဝှက်ချက်လေး..."
ကျန်းချူစကားကို လိုက်ပြောနေသော်လည်း၊ ယုယီဟာ နားမလည်နိုင်သေးပါဘူး။

ယုယီအတွက် အထူးစပယ်ရှယ်ဖုန်းတစ်လုံးကို၊ ကျန်းချူပြုလုပ်ခိုင်းခဲ့တယ်။
ဖုန်းခေါ်ဆိုခြင်းနဲ့ အသံမတ်ဆေ့လုပ်ငန်းတွေကလွဲရင်၊ အခြားသောလုပ်ဆောင်ချက်တွေကို ဖယ်ထုတ်ထားတယ်။

ကျန်းချူက ဖုန်းစခရင်ကိုထိတယ်၊ ဖုန်းခေါ်ဆိုခြင်းထဲဝင်လိုက်ပြီး သူ့ဖုန်းနံပါတ်ကိုရိုက်ထည့်တယ်။
"ယုယီ ဒီနားကိုထိလိုက်"

ယုယီလက်ချောင်းများကို ဆွဲယူကာ၊ ဖုန်းခေါ်ဆိုခြင်းကို ဆောင်ရွက်စေတယ်။

ကျန်းချူရဲ့ဖုန်းဟာ မြည်သံထွက်ပေါ်လာခဲ့ပြီ။
လက်ခံဖြေကြားလိုက်ပြီး၊ 'ယုယီ'လို့ခေါ်တယ်။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now