\8\

6.1K 1.1K 42
                                    

[Unicode]

ဝက်ဝံကွတ်ကီးတွေကို ကိုင်လျက်၊ ယုယီဟာ လှေကားအဆင်းနားမှာ တွန့်ဆုတ်နေတယ်။
ဒုတိယထပ်ကို ယုယီမတက်ရဲဘူး...နောက်ဆုံးမှာတော့၊ အောက်ဆုံးလှေကားထစ်ပေါ် ငုတ်တုပ်ထိုင်ချလိုက်တော့တယ်။

အပေါ်ထပ်ကဆင်းလာမဲ့ကျန်းချူကို ယုယီဟာလှေကားလက်ရန်းတိုင်ကိုမှီကာ စောင့်ဆိုင်းနေခဲ့တယ်။

အချိန်အကြာကြီးစောင့်နေခဲ့ပေမဲ့၊ မျှော်နေတဲ့ကျန်းချူက ဆင်းမလာခဲ့ဘူး...အဲ့အစား အန်တီကျိုးရောက်လာခဲ့တယ်။

ဖြစ်စဉ်အစအဆုံးကို ယုယီဟာမရှင်းပြနိုင်ခဲ့ဘူး။
အန်တီကျိုးထင်သွားတာက၊ 'ယုယီက ကျန်းချူကိုကွတ်ကီးတွေပေးချင်နေပြန်ပြီ'ဆိုပြီးပေါ့။
သူမက ယုယီကို လေသံပျော့ပျော့နဲ့ချော့မော့ပြောဆိုတယ်
"မနက်ဖြန် အန်တီကျိုးပေးပေးမယ်၊ အခုတော့ ယုယီသွားအိပ်လိုက်တော့နော်"

အန်တီကျိုးရဲ့ချော့တစ်လှည့် ခြောက်တစ်လှည့်စကားသံများအောက်မှာ၊ ယုယီတစ်ယောက် သူ့အခန်းထဲပြန်ရောက်လာခဲ့တယ်။

သို့သော်လည်း...လှပတဲ့ဖန်ဂေါ်လီလုံးလေးတွေကို ယုယီမမေ့ပစ်လိုက်နိုင်ဘူး။
ပျော့အိအိမွေ့ရာကြီးပေါ် လူးလှိမ့်နေရတာတောင်မှ၊ ယုယီ ဘယ်လိုမှအိပ်မပျော်နိုင်ပေ။

ကျန်းအိမ်တော်ကြီးတစ်ခုလုံး အမှောင်ဖုံးသွားချိန်...သက်ရှိသက်မဲ့တိုင်း အိပ်မောကျသွားချိန်မှာ၊ ယုယီဟာ သူ့အခန်းတံခါးကို တိတ်တိတ်လေးဖွင့်ဟတယ်။

ကော်ရစ်ဒါတစ်လျောက်ဟာ မှောင်မဲနေခဲ့တယ်...တစ်ကောင်ကောင်ထွက်လာပြီး၊ သူ့ကို ကိုက်ဆွဲတော့မဲ့အတိုင်းပဲ။
ဝက်ဝံကွတ်ကီးလေးတွေကို ပိုက်ရင်း၊ ယုယီက ခြေတစ်လှမ်းစလှမ်းတယ်...ချက်ချင်း ပြန်ရုတ်မိတယ်။

အကြိမ်ပေါင်းများစွာ ထပ်တလဲလဲပြုမူပြီးနောက်မှာ...ဖန်ဂေါ်လီလုံးလေးကို ပြန်လိုချင်စိတ်က ကြောက်စိတ်ကိုအနိုင်ယူသွားပြီ။
လှေကားထစ်များရှိရာဆီ ပြေးထွက်လာခဲ့တယ်၊ ကံကောင်းစွာပဲ ဧည့်ခန်းကမီးမှိန်မှိန်လေးရှိနေသေးတယ်...အားကိုးရာ အလင်းရောင်လေး။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now