\25\

5.9K 1K 60
                                    

[Unicode]

ကားပေါ်မှာတင်ကိုပဲ၊ ကျန်းချူက ကျန်းဝေဆီဖုန်းခေါ်လိုက်တယ်။

ကျန်းဝေဟာ လမ်းဆုံးရောက်ချိန်သည့်တိုင် နောင်တရမည့်အရိပ်အယောင်မပေါ်သေးပေ။
အမှားလုပ်သူက ကျန်းချူဖြစ်ပြီး၊ ထိုအမှားကို သူကလက်ဦးမှုရယူခြင်းသာဖြစ်ကြောင်း ထပ်တလဲလဲငြင်းဆိုနေခဲ့တယ်။

ကားမှန်အပြင်ဘက်မှ မြင်ကွင်းများကိုငေးမောရင်း၊ ကျန်းချူက အပြုံးမမည်သောအပြုံးမျိုးပြုံးတယ်။
"တတိယဦးလေးက ကျန်းချွမ်ရဲ့ကုမ္ပဏီရန်ပုံငွေအလွဲသုံးစားလုပ်မှုကို မေ့သွားပြီလား? အခုမှ ၃နှစ်ပဲရှိသေးတဲ့ဟာ၊ အာ! အဲ့ဒါကသန်း၂၀မဟုတ်လား? သန်း၂၀သာဆိုရင်...ထောင်ထဲမှာ ဘယ်နှနှစ်ကြာလောက်မလဲ?"

ကျန်းချွမ်ဆိုတာ ကျန်းဝေရဲ့တစ်ဦးတည်းသောသားဖြစ်သူ...အလိုလိုက်မှုများစွာဖြင့် ဆိုးပေနေသူပေါ့။

ကျန်းဝေအသံက ရုတ်တရပ်ဆိုသလို ကျယ်လောင်လာခဲ့တယ်။ ကျန်းချူဟာ ဖုန်းကိုနားမှခွါမိတယ်၊ ကျန်းဝေရဲ့မာန်မာနအပြည့်အသံစူးစူးကို သူနားမထောင်ချင်ခဲ့ဘူးလေ။

"အဲ့ကိစ္စကို ပြန်မဖော်တော့ဘူးလို့ မင်းပြောခဲ့တယ်လေ! အခုစကားက ဘာကိုဆိုလိုတာလဲ!? ကျန်းချူ မင်း..."

ဖုန်းကို ချလိုက်တော့တယ်။

ကားခေါင်းခန်းမှလင်းဖူရွှင်က မေးလာတယ်
"Mr.ကျန်း၊ ကျွန်တော် ကိုင်တွယ်လိုက်ရတော့မလား?"

"ငါမှတ်မိသလောက်တော့ ရပ်ဆိုင်းထားတဲ့ပရောဂျက်တစ်ခု ရှိသေးတယ်မဟုတ်လား? အဲ့ပရောဂျက်ထဲကျန်းဝေပါလာအောင် လမ်းခင်းပေးနေတာ..."

"အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ မြေနေရာကိုလား?"

"ဒီနှစ်တွေမှာ ငါ့ရဲ့ဦးလေးဆိုတဲ့ခေါင်းစဉ်တစ်ခုတည်းနဲ့ အခွင့်အရေးတွေအများကြီးပေးခဲ့တယ်။ ဒါပေမဲ့...တတိယဦးလေးက သဘောပေါက်ပုံမပေါ်ခဲ့ဘူးပဲ။ ဒီတစ်ခေါက်ကတော့ သူ့ကိုလုံးဝပြန်မထနိုင်အောင် အလဲထိုးဖို့လိုအပ်သွားပြီ"

ကျန်းချူရဲ့မျက်နှာဟာ ခံစားချက်များအလုံးစုံကင်းမဲ့နေခဲ့တယ်။
"ကျန်းချွမ်ကိုတော့ ဘာမှမလုပ်နဲ့ဦး၊ ကျန်းဝေကို နည်းနည်းဆွပေးလိုက်ယုံပဲ။ သူ့စရိုက်အရဆိုရင်၊ မကြာခင်မှာပဲ သွေးရူးသွေးတန်းတွေလုပ်လာလိမ့်မယ်။ ကျဆုံးခြင်းရဲ့ဖြစ်စဉ်ကို သူကိုယ်တိုင်တွေ့မြင်စေရမယ်"

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now