\7\

6K 1.1K 93
                                    

[Unicode]

နေ့ခင်းပိုင်းအချိန်အထိ၊ ကျန်းချူဟာ အခန်းထဲမှာပင်။ စာရွက်စာတမ်းတွေလာပို့တဲ့ လင်းဖူရွှင်ကိုမြင်ခါမှပဲ၊ ကျန်းချူခေါင်းထောင်မိတော့တယ်။

အီလက်ထရောနစ်ပစ္စည်းတွေကို အချိန်ကြာမြင့်စွာအာရုံစူးစိုက်မိခြင်းက၊ ကျန်းချူရဲ့မျက်လုံးထောင့်စွန်းများကို နီရဲသွားစေတယ်။

ကျန်းချူက မျက်လုံးတွေမှိတ်ထားလိုက်တယ်။
မသက်မသာဖြစ်မှုကို လျော့ကျနိုင်ရန်၊ မျက်ရိုးတွေကိုလည်း ဖိနှိပ်လို့နေခဲ့တယ်။

လင်းဖူရွှင်က ကျန်းချူလက်မှတ်လိုအပ်တဲ့အချက်အလက်တွေကို လာရောက်ပို့ဆောင်ပေးတာ။ အစည်းအဝေးအများစုမှာ၊ ကျန်းချူအစား လင်းဖူရွှင်သာတက်ရောက်လေ့ရှိတယ်။

သို့ပေမဲ့၊ သတိကြီးလွန်းတဲ့ကျန်းချူဟာ လင်းဖူရွှင်လိုအနီးကပ်လူယုံကိုတောင်မှ အပြည့်အဝယုံကြည်ခြင်းမရှိပေ။
အားလုံးကို သူကိုယ်တိုင်စစ်ဆေးကြည့်ရှူတတ်တယ်။

ထိုအရာက...မိမိကိုယ်ကို မနိုင်ဝန်ထမ်းခြင်းသာ။

စာရွက်ရဲ့စာတစ်ကြောင်းချင်းစီကို သေချာစွာဖတ်ရှူတယ်။ တစ်စုံတစ်ရာမတွေ့ရှိတာကြောင့်၊ စာရွက်ရဲ့အောက်ဆုံးနားမှာ လက်မှတ်ထိုးလိုက်တယ်။
စာရွက်ပြန်ကမ်းပေးဖို့ လင်းဖူရွှင်ကိုမော့ကြည့်မိချိန်မှာ၊ လင်းဖူရွှင်ရဲ့ခပ်ဖောင်းဖောင်းအိတ်ကပ်ကို မြင်တွေ့သွားတယ်။

အထက်တန်းလွှာဆန်ဆန် လင်းဖူရွှင်ရဲ့ပုံရိပ်ဆီမှသွေဖွယ်လို့။
ကျန်းချူက မမေးဘဲမနေနိုင်တော့ဘူး
"မင်းအိတ်ကပ်က ဘာဖြစ်နေတာလဲ?"

အမေးစကားကြောင့် လင်းဖူရွှင်ကပြုံးသွားတယ်၊ အိတ်ကပ်ထဲမှအရာလေးကိုလည်း ထုတ်ယူပြတယ်။
ဝက်ဝံပုံစံ အညိုရောင်ကွတ်ကီးလေးတွေပဲ၊ ချစ်စရာကောင်းတယ်။
လင်းဖူရွှင်လိုလူမျိုးကတော့ တမင်ဝယ်လာမှာမဟုတ်ဘူး။ အသေအချာပါပဲ၊ လင်းဖူရွှင်ရဲ့အပြုံးစစဖြင့်စကားကို ကျန်းချူကြားလိုက်ရတယ်
"အိမ်ထဲရောက်တော့ ယုယီလာပေးသွားတာ"

အကြောင်းပြချက်ကင်းမဲ့စွာ...သန့်ရှင်းပြောင်လက်နေတဲ့ကြမ်းပြင်ကို ကျန်းချူငုံ့ကြည့်မိသွားတယ်။
မည်သို့သောစကားမျိုးမှ မဆိုဖြစ်တော့ပေ။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now