\27\

6.8K 1.1K 69
                                    

[Unicode]

ဆေးတစ်ပုလင်းလုံး သွင်းပြီးတာတောင်မှ၊ ယုယီရဲ့အဖျားဟာ ညသန်းခေါင်ရောက်ချိန််မှသာကျသွားခဲ့တယ်။

ကျန်းချူက ဆေးရုံမှာသာရှိဖြစ်နေတယ်။
အိပ်လို့လည်းမပျော်ဘူး...မှန်ပြတင်းပေါက်ကြီးရှေ့ရပ်ရင်း၊ မဲမှောင်နေသောပတ်ဝန်းကျင်အား ငေးမောမိတယ်။
ဆေးရုံဟာ ညအချိန်မှာအလွန်တိတ်ဆိတ်ပါတယ်...အသံအလုံးစုံငြိမ်သက်လျက်။

ထိုကဲ့သို့သော ငြိမ်သက်မှုအောက်မှာ၊ ကျန်းချူဟာ မိမိရဲ့နှလုံးသားကိုသဲကွဲစွာမြင်ခဲ့ရပြီ။

ဖျော့တော့သောအသံလေးက၊ ကျန်းချူကို အတွေးနစ်နေရာမှ ပြန်လည်နိုးထသွားစေတယ်။
အမြန်လှည့်ကြည့်လိုက်တော့...ယုယီမျက်လုံးလေးတွေဟာ လှုပ်ယွနေတယ်၊ သတိရလာတော့မည့်ဟန်။

ကျန်းချူက ဆေးရုံကုတင်အနားလျှောက်လာခဲ့ပြီး၊ ယုယီရဲ့အေးစက်စက်လက်လေးကို ဆုပ်ကိုင်တယ်။
ယုယီနာမည်ကို တိုးညင်းစွာခေါ်မိချိန်မှာ၊ ယုယီဟာ မျက်လုံးပွင့်လာခဲ့တယ်။

'သူ ဘယ်ရောက်နေကြောင်း' ယုယီမသိသေးပုံပင်။
အလန့်တကြားဖြစ်သွားရပြီး၊ မျက်နှာလေးထက် စိုးရိမ်ပူပန်မှုများ ဖြတ်ပြေးတယ်။
ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုနေကာ၊ ကျန်းချူကို သဲသဲကွဲကွဲတွေ့မြင်သွားပုံပါပဲ။

ကြည်လင်သောမျက်လုံးဝိုင်းလေးများဟာ ကျန်းချူရဲ့စိုးရိမ်ခြင်းအပြည့်မျက်နှာကို ရောင်ပြန်ဟပ်တယ်။ မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်လာခဲ့ပြီး...အိပ်မက်ကမ္ဘာထဲ ရောက်ရှိနေသည့်အလား၊ ယုယီရုပ်လေးဟာ အူကြောင်ကြောင်လေးဖြင့်။
အချိန်ကြာမြင့်စွာ၊ ကျန်းချူမျက်နှာကို ငေးမောနေပြီးကာမှ
"ကျန်း...ကျန်းချူ..."

"အင်း ငါပါ"
ယုယီသတိကပ်သေးကြောင်း သိရှိလိုက်ရတာကြောင့်၊ ကျန်းချူ စိတ်အေးသွားရပါတယ်။
ယုယီလက်လေးကို ပိုမိုတင်းကြပ်အောင် ဆုပ်ကိုင်လိုက်ကာ
"ယုယီက နေမကောင်းဖြစ်နေတာ၊ အဆင်မပြေတဲ့နေရာရှိသေးလား?"

ကြောက်ရွံ့မှု...စိုးရိမ်ပူပန်မှု...ထိုကဲ့သို့ ပြင်းထန်သောစိတ်ခံစားချက်များထံမှ၊ ယုယီ ရုန်းမထွက်သေးနိုင်ပုံပင်။ ကျန်းချူအမေးကို သူပြန်မဖြေနိုင်ခဲ့ဘူး။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now