\23\

5.6K 993 23
                                    

[Unicode]

ယုယီဟာ မှိုင်တွေလျက်ရှိပါတယ်။
သူ့ရဲ့အကြိုက်ဆုံးကိတ်မုန့်တွေတောင်မှ၊ တွန့်ချိုးနေသောမျက်ခုံးလေးများကို မပြေလျော့စေဘူး။

ညစာကိုလည်း နည်းနည်းပဲစားတယ်။
ယုယီဗိုက်ဆာနေမှာစိုးရိမ်မိသူ အန်တီကျိုးက၊ ရေခဲမုန့်တစ်ဗူး ဖွင့်ဖောက်ပေးလိုက်တယ်။
ဆိုဖာပေါ်ထိုင်လျက် ယုယီကရေခဲမုန့်တစ်ဇွန်းခပ်စားတယ်၊ ထို့နောက်မှာတော့ သူကပြောတယ်
"ခါးတယ်..."

"ဘယ်လိုဖြစ်ပြီးခါးရတာလဲ!?"
အန်တီကျိုးဟာ ထူးဆန်းသွားရတယ်
"ဒိတ်လွန်သွားတာများလား?"

ရေခဲမုန့်ဗူးကို ယူကြည့်လိုက်တော့လည်း၊ ဒိတ်မလွန်သေးဘဲ လတ်ဆတ်နေတုန်းပါပဲ။
သို့ပေမဲ့လည်း၊ ယုယီက 'ခါးတယ်'ပြောနေမှတော့...အန်တီကျိုးက လျစ်လျူမရှုလိုက်ရဲပါဘူး။
ယုယီဗိုက်ထပ်နာလာမှာကို စိတ်ပူမိပြီး၊ ရေခဲမုန့်ဗူးကို အမြန်ဖယ်ထုတ်လိုက်ရတယ်။

အတွေးနစ်နေသောမျက်နှာလေးဖြင့်၊ ယုယီဟာ ဆိုဖာထက်မလှုပ်မယှက်ထိုင်နေခဲ့တယ်။
ဘယ်လိုအကြောင်းအရာများ တွေးတောနေလဲမသိ...ပြန်လာတဲ့ကျန်းချူကိုတောင် သတိမပြုမိပေ။

"ယုယီ နေမကောင်းဘူးလား?"
ယုယီနှဖူးပြင်ထက် လက်တင်စမ်းကြည့်တော့လည်း၊ အပူချိန်ကပုံမှန်အတိုင်းပင်။
ကျန်းချူက ယုယီဘေးနားဝင်ထိုင်လိုက်ပြီး၊ မသိမသာလေး သက်ပြင်းချမိတယ်။

ကျန်းခယ့်ရဲ့စကားတွေ...ကျန်းချူကိုယ်တိုင်ဟာလည်း နားထဲမှမထုတ်လိုက်နိုင်ပေ။
အလုပ်ကိစ္စတွေအပေါ်လည်း အာရုံစူးစိုက်လို့မရဘူး...သူနဲ့ယုယီအကြားကဆက်ဆံရေးကို၊ အမှန်တကယ် သေချာပြန်စဉ်းစားသင့်နေပြီလား?

ယုယီအပေါ်မှာ မတိကျပေမဲ့...ရစ်တွယ်သောစိတ်ခံစားချက်တစ်မျိုးရှိနေတာ သေချာတယ်။
ဒါပေမဲ့ ယုယီဘက်ကရော?
ယုယီဟာ ဒီခံစားချက်ကို နားလည်သဘောပေါက်နိုင်ပါ့မလား?

ကိုယ့်တစ်ယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့ တစ်ဖက်လူကိုပါဆွဲသွင်းလိုက်လို့ မဖြစ်ပေဘူး။

ယုယီအတွက် မတရားရာကျတယ်။

ယုယီလက်ချောင်းများကို ကျန်းချူရောယှက်ကာ ဆုပ်ကိုင်လိုက်တယ်။
"အပေါ်ထပ်လိုက်ခဲ့"

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now