\9\

6.2K 1K 34
                                    

[Unicode]

ယုယီဟာ သမင်ရင်ထိုးလေးကို အလွန်ပဲနှစ်သက်တယ်၊ မနက်အာရုဏ်တက်ချိန်မှာ အန်တီကျိုးဆီပြေးကြွားတယ်...သွားတောင်မတိုက်နိုင်သေးဘူး။

ယုယီလက်ထဲက တန်ဖိုးကြီးပစ္စည်းကြောင့်၊ အန်တီကျိုးက လန့်ဖြန့်သွားရတယ်။
'ကျန်းချူက ယုယီကိုပေးထားတာ'ကိုကြားချိန်မှာ၊ ပိုလို့တောင်ထိတ်လန့်သွားရပြီ။

ဒါပေမဲ့၊ ယုယီက လိမ်တတ်တဲ့ကလေးမဟုတ်ဘူး။
ကျန်းချူပေးထားတာပဲ ဖြစ်ရမယ်!
ကိစ္စတွေကဘယ်လိုများ ဖြစ်ပျက်သွားလေသလဲ...အန်တီကျိုး နားမလည်နိုင်သော်လည်း၊ ရင်ထိုးကို ယုယီအင်္ကျီပေါ်ချိတ်တွယ်ပေးလိုက်တယ်။

ရင်ဘတ်ပေါ်က တောက်ပသောရင်ထိုးလေးကိုငုံ့ကြည့်ကာ၊ ယုယီက သဘောပေါက်နားလည်သွားတယ်
"သမင်လေးက ဒီလိုမျိုးတပ်ရတာကိုး!"

သမင်ရင်ထိုးလေးကို လှမ်းကိုင်ပြီး၊ သူ့ရဲ့ဖန်ဂေါ်လီလုံးလေးတွေကိုပါထုတ်ယူကာ ကွာခြားလှသောအရာနှစ်ခုကို ပူးကပ်လိုက်တယ်။
ထို့နောက်မှာတော့၊ မကျေမနပ်လေသံလေးဖြင့်
"ဂေါ်လီလုံးလေးတွေပါ အတူတူတပ်လို့ရရင်ကောင်းမှာပဲ"

ဖန်ဂေါ်လီလုံးလေးတွေအတွက် တပ်စရာတွယ်အပ်မရှိပါဘူး...ယုယီရဲ့ဆန္ဒတွေ မပြည့်ဝနိုင်တော့ပေ။

သို့ပေမဲ့လည်း၊ ယုယီက ဝမ်းမနည်းဘူး။
ဖန်ဂေါ်လီလုံးလေးတွေကို အင်္ကျီအိတ်ကပ်ထဲအမြဲထည့်သိမ်းထားမယ်!

အန်တီကျိုးရဲ့တိုက်တွန်းစကားအောက်မှာ၊ ယုယီဟာ မျက်နှာသစ်သွားတိုက်ဖို့ ရေချိုးခန်းထဲဝင်သွားခဲ့တယ်။

ညဘက် ဘယ်အချိန်မှအိပ်အိပ်၊ ကျန်းချူက မနက်၇နာရီဆိုအိပ်ရာနိုးနေပြီသား။
အောက်ထပ်ဆင်းလာတော့၊ လှေကားအဝင်ဝနားမှာ ရပ်စောင့်နေတဲ့ယုယီ...ကျန်းချူကို စောင့်နေခဲ့ပုံပဲ။

ကျန်းချူကိုမြင်သွားတော့၊ သူ့ရင်ဘတ်လေးကို လက်ညှိုးထိုးပြတယ်။
ယုယီမျက်လုံးဝိုင်းလေးများဟာ 'သူ့ကို ချီးမွန်းပါ'လို့တောင်းဆိုနေသကဲ့သို့
"ကျွန်တော် သမင်လေးတပ်ထားတယ်"

၅နှစ်ကြာ သိမ်းဆည်းထားခဲ့တဲ့ပစ္စည်းကို လက်လွှတ်နိုင်ခဲ့ပြီ။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now