\24\

5.6K 1K 70
                                    

[Unicode]

ကျန်းချူ အိမ်အောက်ထပ်ဆင်းလာချိန်မှာ၊ လှေကားအဝင်ဝနားရပ်စောင့်နေခဲ့တဲ့ ယုယီကိုတွေ့မြင်လိုက်ရတယ်။
ယုယီပုံစံက ကျန်းအိမ်တော်မှထွက်ခွါဖို့ကို မစောင့်ဆိုင်းနိုင်တော့သည့်အလားပင်။

နှလုံးသားထဲမှအလိုမကျမှုတွေကို ချိုးနှိမ်လိုက်ပြီး၊ ယုယီရဲ့မျှော်လင့်တကြီးအကြည့်များအောက်မှာ ကျန်းချူက မနက်စာကိုနှေးကွေးစွာစားနေတယ်။
ထို့နောက်တွင်တော့၊ လင်းဖူရွှင်ဆီဖုန်းခေါ်ကာ လာကြိုခိုင်းတယ်။

အိမ်ပြင်ထွက်ခါနီးမှာ၊ ယုယီလည်ပင်းထက်ရှိမနေတဲ့ဖုန်းကို ကျန်းချူသတိပြုမိသွားတယ်။
အလျင်အမြန် အန်တီကျိုးကိုလှမ်းခေါ်ကာ မေးမြန်းတယ်။

"သခင်လေးနဲ့အပြင်ထွက်မှာဆိုတော့၊ လူတွေအများကြီးက စောင့်ကြည့်နေကျမှာပဲ။ လည်ပင်းမှာဆွဲထားဖို့က သိပ်ပြီးမသင့်တော်ဘူးလားလို့"

'ယုယီရဲ့အိမ်ပြန်ခြင်း'ကို အန်တီကျိုးမသိရသေးပါဘူး။ ပုံမှန်အချိန်တွေလိုပဲ၊ ကျန်းချူက ယုယီကိုအပြင်လိုက်ပို့ပေးတယ်လို့ ထင်နေခဲ့တာ။

ကျန်းချူက ပြတ်သားစွာပြောလာတယ်
"ဖုန်းထည့်ပေးလိုက်ပါ"

အားအပြည့်သွင်းထားတဲ့ဖုန်းကို လည်ပင်းထက်ချိတ်ဆွဲလျက်၊ ယုယီဟာ ကျန်းချူနှင့်အတူ ကျန်းအိမ်တော်မှထွက်ခွါခဲ့တယ်။

အပြင်ဘက်ဟာ နေသာနေသော်ငြားလည်း၊ အအေးဓာတ်ငွေ့ငွေ့လေး ရှိနေဆဲပင်။

ကားမှန်တံခါးကို အောက်ချကာ၊ လင်းဖူရွှင်က ယုယီကိုနှုတ်ဆက်စကားဆိုတယ်။
"ဂွတ်မောနင်း ယုယီ"

ယုယီဟာ လင်းဖူရွှင်ရှေ့အပြေးရောက်လာခဲ့ပြီး၊ ခေါင်းလေးစောင်းလျက် ပြန်လည်နှုတ်ဆက်တယ်။
"ဂွတ်မောနင်း!"

လင်းဖူရွှင်က ကျန်းချူကိုစကားလှမ်းဆိုတယ်
"သူ့အဖေကိစ္စတွေ အကုန်စီစဉ်ပြီးသွားပါပြီ။ ဥက္ကဌကျန်းမှာကြားချင်တာရှိရင်၊ လူချင်းတွေ့တဲ့အခါ ကိုယ်တိုင်မှာကြားတာက ပိုကောင်းပါလိမ့်မယ်"

ယုယီရဲ့အဖေယုကျန့်အပေါ် ကျန်းချူဟာ အလွန်အထင်အမြင်သေးပါတယ်။
ကားမှန်ကိုဖိနှိပ်နေတဲ့ယုယီကို ဆွဲဖက်လိုက်ပြီး၊ အေးစက်လှသောလေသံဖြင့် ပြောလာတယ်
"ငါ့မှာ တောင်းဆိုချက်တစ်ခုပဲရှိတယ်။ ယုယီကို ပြန်ခေါ်မဲ့အချိန်ကျရင်၊ ယုအိမ်မှာပဲရှိနေရမယ်"

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now