\21\

5.7K 1K 85
                                    

[Unicode]

ယနေ့တွင်လည်း၊ ယုယီဟာ ရွှံ့စေးသင်တန်းဆီ ရောက်ရှိနေပါတယ်။

လက်မှုပညာရပ်မှာ ပါရမီမပါသော်လည်း၊ ယုယီက စိတ်ဝင်တစားရှိလှတယ်။
နေ့တဝက်လောက်နီးပါး ရွှံ့စေးတွေနဲ့ဆော့ကစားလေ့ရှိတယ်။
ယုယီက ရုပ်ချောပြီး အနေအေးတာကြောင့်၊ သင်တန်းကျောင်းရှိဆရာဆရာမတွေဟာ ယုယီကိုဝိုင်းချစ်ကျပါတယ်။

ယုယီရဲ့စားပွဲပေါ်မှာ အရောင်စုံရွှံ့စေးများရှိနေတယ်၊ ဆရာမက ခွေးရုပ်လေးလုပ်နည်းကို သင်ပေးခဲ့တာ။ ယုယီဟာလည်း ကြိုးစားကာပြုလုပ်ကြည့်တယ်...ရလာဒ်က ဆရာမလုပ်ပြတာနဲ့ မတူညီသော်ငြားလည်း။

ခွေးရုပ်လေးကို ယုယီကမျက်မှောင်ကြုတ်လျက် စူးစိုက်ကြည့်ရှုနေတယ်။

အခန်းထဲဝင်ရောက်လာခဲ့သော လူတစ်ယောက်။
ယုယီက ချက်ချင်းလှမ်းကြည့်လိုက်တယ်...မျက်လုံးလေးများဝိုင်းစက်သွားကာ အံ့ဩတကြီးအော်ပြောတယ်
"ခင်ဗျားက ကျွန်တော်လား!?"

မှန်ထဲမှာမြင်ဖူးခဲ့တဲ့ သူ့ပုံစံအတိုင်းပဲ!

ချန်ရှူကျိဟာလည်း ယုယီကိုအသေအချာကြည့်နေတယ်။ ကျန်းဝေရဲ့ပြောစကားအရ၊ ကျန်းချူက သူနဲ့ရုပ်ဆင်တဲ့ကောင်လေးကို ဘေးခေါ်ထားကြောင်းသိထားတယ်...ဒါပေမဲ့၊ ထူးခြားတဲ့လူဖြစ်နေမယ်လို့တော့ မထင်မှတ်ထားခဲ့ဘူး။

ယုယီရဲ့တအံ့တဩစကားသံအောက်မှာ၊ ချန်ရှူကျိက မျက်ခုံးများတွန့်ချိုးသွားခဲ့တယ်။
မကြာပါဘူး...သူ့မျက်နှာထက် အပြုံးများကိုဖန်ဆင်းလိုက်ပြီး
"ငါက ချန်ရှူကျိပါ"

တုန်လှုပ်မှုကြီးထဲမှ ယုယီရုန်းမထွက်နိုင်သေးပေ။
ချန်ရှူကျိမျက်နှာကို သိချင်စိတ်အပြည့်ဖြင့်စိုက်ကြည့်နေရင်း၊ လက်ချောင်းတွေကို ရွေ့လျားမိတယ်။

သို့ပေမဲ့၊ ယုယီ လက်မဆန့်ထုတ်ဖြစ်ပါဘူး။
သူများရဲ့မျက်နှာကို ခွင့်ပြုချက်မရှိဘဲထိကိုင်တာက...မယဉ်ကျေးတဲ့အပြုအမူကြီးပဲ!

ယုယီက လိမ္မာတယ်၊ မယဉ်ကျေးတာတွေ မလုပ်ဘူး!

မျက်လုံးဝိုင်းလေးများကို ရွေ့လျားလိုက်ရင်း၊ သူနဲ့ရုပ်တူသူကို မေးခွန်းမေးမြန်းတယ်။
"...အသစ်ရောက်တဲ့ ဆရာလား?"

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now