\28\

6.6K 1.1K 39
                                    

[Unicode]

တစ်ပတ်ကြာနီးပါး၊ ကျန်းချူဟာ ကုမ္ပဏီဆီမပြန်ဖြစ်ခဲ့ဘူး။ ကျန်းအိမ်တော်တွင်သာ၊ ယုယီကို အဖော်ပြုပေးနေခဲ့တယ်။

ပထမဆုံး၂ရက်မှာ၊ ယုယီရဲ့စိတ်အခြေအနေက ပြန်မကောင်းလာသေးပါဘူး...ဘယ်လိုအရာမျိုးကိုမှ စိတ်မဝင်စားကြောင်းပြသနေခဲ့တယ်။
ကျန်းချူနဲ့အန်တီကျိုးဟာ ယုယီစိတ်ပျော်လာစေရန်အတွက် အစွမ်းကုန်ကြိုးစားပေးကျတယ်။
LEGOကစားတယ်...ကိတ်မုန့်တွေ လုပ်ကျွေးတယ်...၃ရက်မြောက်နေ့မှာတော့၊ ယုယီဟာ အနည်းငယ်ပုံမှန်ပြန်ဖြစ်လာခဲ့ပြီ။

အပြင်ဘက်လောကရဲ့စကားသံများအားလုံးကို၊ ကျန်းချူဟာ မကြားချင်ယောင်ဆောင်တယ်။

ယုကျန့်က ယုယီရဲ့ဟန်းချိန်းကိုလုယူသွားခဲ့တာ၊ သူ့ကို 'ခိုးမှု'နဲ့တရားစွဲဆိုထားလိုက်တယ်။
အခြားသော တရားမဝင်အမှုတွေနဲ့ပါဆို၊ ယုကျန့်ဟာ လက်ကျန်ဘဝမှာ ထောင်ထဲမှထွက်နိုင်တော့မှာမဟုတ်ပေ။
ယုရွှင့်ကိုတော့...ကျန်းချူ အရမ်းကြီးရက်စက်လိုက်ဖို့ မတွေးထားပါဘူး။
လူမှုဖူလုံရေးအဖွဲ့အစည်းဆီပို့လိုက်ဖို့ စီစဉ်ထားတယ်လေ။ ယုရွှင့်က ယုကျန့်ရဲ့စရိုက်တွေများစွာထင်ဟပ်နေတယ်...ငယ်ရွယ်တုန်းဆိုတော့ ပြုပြင်ပြောင်းလဲဖို့နောက်မကျသေးပါဘူး။

ယုရွှင့်ကို ကျန်းချူမုန်းတီးမိတယ်။
သို့ပေမဲ့လည်း၊ သူကလူကြီး ယုရွှင့်ကကလေး...အငြိုးအတေးထားဖို့ မသင့်တော်ပါဘူးလေ။
ပိုပြီးလိမ္မာတဲ့ကလေးဖြစ်လာအောင်ပဲ သင်ကြားပေးရတော့မှာပေါ့။

ကျန်းချူ ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်ခြင်းဟာ၊ အတော်လေးသည်းခံခဲ့ပြီး စေတနာကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။

ယုယီရဲ့လက်ရှိအခြေအနေက အပြင်ထွက်ဖို့မသင့်တော်သေးဘူး။ အဲ့တော့၊ ကျန်းချူဟာ အနားမှမခွါရှိနေပေးတယ်။

ဒီနေ့ကတော့၊ အန်တီကျိုးရဲ့တိုက်တွန်းမှုဖြင့် ပေါင်မုန့်ဖုတ်ဖို့စီစဉ်ထားကျပါတယ်။

မနက်စောစောထကာ၊ ပါဝင်ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်တယ်။

ငယ်ရွယ်စဉ်နေ့ရက်များထဲမှာ၊ နိုင်ငံခြားပညာတော်သင်ရောက်နေခဲ့တဲ့ကျန်းချူဟာ ကိုယ်တိုင်သာဟင်းချက်လေ့ရှိပါတယ်။
ပေါင်မုန့်လိုအချိုပွဲပြုလုပ်တာကတော့ ဦးဆုံးအကြိမ်ပင်၊ ထို့အတွက်ကြောင့်ပဲ ကျန်းချူဝင်ပါဖြစ်သွားတယ်။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now