\13\

6K 1K 26
                                    

[Unicode]

အိပ်ရာဝင်ချိန်မှာ၊ ယုယီရဲ့စိတ်ထဲ လေယာဉ်ပျံအကြီးကြီးကသာ စိုးမိုးလို့ထားတယ်။
'မနက်စောစောထမယ်'လို့ ကြုံးဝါးထားသော်လည်း...မနက်၉နာရီ အန်တီကျိုးကမနက်စာစားဖို့ လာခေါ်တာတောင်မှ၊ ယုယီဟာ မနိုးသေးပါဘူး။ စောင်ပုံကြီးအောက်ကွေးရင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။

အန်တီကျိုးလှုပ်နှိုးတော့၊ ရှုပ်ထွေးနေဟန်လေးဖြင့် နိုးလာခဲ့တယ်။

ယုယီ မျက်နှာသစ်ဆေးကြောပြီးချိန်မှာ၊ ကျန်းချူဟာလည်း အိမ်အောက်ထပ်သို့ဆင်းလာခဲ့ပြီ။
လေယာဉ်ပျံပုံစံငယ်ကို ကိုင်လျက်၊ ကျန်းချူအလာကို မျှော်လင့်တကြီးလှမ်းကြည့်နေတဲ့ယုယီ။

"အိပ်ရာမထတော့ဘူးထင်နေတာ၊ လေယာဉ်ပျံနဲ့ မဆော့ချင်တော့ဘူးလားလို့?"

ယုယီက အလျင်အမြန်ခေါင်းခါပြတယ်
"ကျွန်တော် ကစားချင်တယ်! ကျွန်တော် ကစားချင်တယ်!"

ကျန်းချူရဲ့ပါးလျလွန်းသော အဝတ်အစားများကိုမြင်သောကြောင့်၊ အန်တီကျိုးဟာ ဝင်ပြောခဲ့လာတယ်
"သခင်လေး၊ အပြင်မှာအရမ်းအေးတယ်။ နည်းနည်းလောက် ထပ်ဝတ်သွားပါဦးလား?"

စကားအဆုံးမှာ၊ အန်တီကျိုးက ကုတ်အင်္ကျီတစ်ထည်ကို ယုယီလက်ထဲထည့်ပေးလိုက်တယ်။
လေယာဉ်ပျံကို ကိုင်ရင်း၊ ယုယီရဲ့နောက်လက်တစ်ဖက်ဟာလည်း ကုတ်အင်္ကျီကိုကိုင်ထားရရှာတယ်။

ကျန်းချူအနားတိုးကပ်လာခဲ့ပြီး၊ ဖြေးညင်းစွာ စကားဆိုတယ်
"လေယာဉ်ပျံကို ကျွန်တော်ကိုင်လိုက်မယ်၊ ကျန်းချူက အင်္ကျီကိုင်"

ကျန်းချူအကြည့်က နေရာပြောင်းသွားခဲ့တယ်...လက်ဖဝါးအုပ်ကာ ခိုးရယ်နေတဲ့အန်တီကျိုးဆီပေါ့။
အန်တီကျိုးရဲ့လုပ်ရပ်ကို နားမလည်နိုင်ပေမဲ့၊ ယုယီကမ်းပေးလာတဲ့ကုတ်အင်္ကျီကိုတော့ ကျန်းချူလက်ခံလိုက်ပါတယ်။

ထို့နောက်မှာတော့၊ ယုယီနှင့်အတူ ခြံထဲသို့ထွက်လာခဲ့တယ်။

မနက်စောစောကတည်းက၊ အန်တီကျိုးဟာ အလုပ်သမားတွေကို ခြံထဲကဆီးနှင်းတွေ ရှင်းလင်းခိုင်းခဲ့တယ်။ ခြောက်သွေ့ပြီး ရှင်းလင်းသောမြေသားပြင်ဖြစ်နေခဲ့ပြီ...လေယာဉ်ပျံမောင်းနှင်ကစားဖို့အတွက် သင့်တော်လှတယ်။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now