\26\

6.3K 1K 79
                                    

[Unicode]

'အလေ့အကျင့်'ဟာ ကြောက်စရာကောင်းသောအရာတစ်ခုပဲ။
ကျန်းချူဘေးမှာယုယီရှိနေခဲ့တာက တစ်နှစ်နီးပါးလောက်ပဲရှိဦးမယ်...သို့ပေမဲ့၊ ယုယီမရှိတဲ့ဘဝကို ကျန်းချူအသားမကျနိုင်ဘူး။

ယုယီအိမ်ပြန်သွားတာ ၂ရက်တိတိရှိသွားပြီ။
ထို၂ရက်အတွင်းမှာ၊ ကျန်းချူဟာ ဖုန်းကိုကိုယ်နဲ့မခွါပေ...သူစောင့်မျှော်နေခဲ့သောအရာတွေဟာ ရောက်မလာခဲ့ပေမဲ့လည်းပေါ့။
ယုအိမ်အောက်ပို့ထားတဲ့လူတွေက 'ယုယီဟာ ၂ရက်အတွင်း အိမ်အောက်လုံးဝမဆင်းကြောင်း' သူ့ဆီသတင်းပြန်ပို့တယ်။

ဒီသတင်းက စိတ်အေးစရာသတင်းစကားဖြစ်သော်လည်း...ဘာကြောင့်ရယ်မှန်းမသိ၊ ကျန်းချူစိတ်ခုနေရတယ်။

လင်းဖူရွှင်ကလည်း ယုကျန့်ဆီဖုန်းခေါ်ဖြစ်ပါတယ်။
ယုယီရဲ့အခြေအနေ ကောင်းမွန်နေကြောင်း၊ ယုကျန့်ဟာ ထပ်တလဲလဲပြောဆိုနေခဲ့တယ်။

ကျန်းချူ ဆက်လက်သည်းမခံနိုင်တော့ဘူး။
လဝက်အကြာမှသွားပြန်ခေါ်မယ်လို့ တွေးထားခဲ့တာ...အခုတော့ ၂ရက်တည်းနဲ့ပြန်ခေါ်ချင်နေပြီ။

အလုပ်စားပွဲပေါ်က အလုပ်စာရွက်အပုံလိုက်ကြီးကို ကျန်းချူငေးနေမိတယ်။
စက္ကန့်ပိုင်းအကြာမှာ၊ အမြဲတစေအလွတ်ရနေခဲ့တဲ့ ဖုန်းနံပါတ်လေးကို သူခေါ်ဆိုလိုက်တယ်။

အချိန်ဆွဲနေသောဖုန်းခေါ်ဆိုခြင်းဟာ ကျန်းချူကို မသိမသာလေးစိတ်လှုပ်ရှားစေပါတယ်...မျှော်လင့်ချက်များဟာလည်း ပါဝင်လို့။

ယုယီက ၂ရက်ကြီးတောင်ဖုန်းမခေါ်လာခဲ့ဘူး။
ယုယီနဲ့တွေ့ရင် ဘာပြောသင့်သလဲ?
အရမ်းလွမ်းနေတဲ့အကြောင်းများ ပြောလာမလား?

ကျန်းချူဟာ ခပ်ရေးရေးအပြုံးလေးပြုံးမိတယ်။

သို့ပေမဲ့...ကြာရှည်သောခေါ်ဆိုခြင်းပြီးနောက်မှာ၊ ဖုန်းကိုင်ခြင်းမရှိခဲ့ဘူး။
စက်ရုပ်ဆန်ဆန်အမျိုးသမီးအသံကိုသာ ကြားလိုက်ရတယ်။

မျက်မှောင်ကြုတ်လျက်၊ ကျန်းချူက နောက်တစ်ကြိမ်ပြန်လည်ခေါ်ဆိုကြည့်တယ်...ရလာဒ်ဟာဖြင့် ထိုနည်းတူစွာ။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now