\10\

6.1K 1.1K 38
                                    

[Unicode]

ဧည့်ကြိုဌာနရဲ့စောင့်ဆိုင်းခန်းအရှေ့မှာ ကျန်းချူမတ်တပ်ရပ်နေခဲ့တယ်။
ပတ်ဝန်းကျင်မှအရာအားလုံးဟာ ဆိတ်ငြိမ်လျက်ရှိပါတယ်...ပုံမှန်နှုန်းထားအတိုင်းခုန်နေသော သူ့နှလုံးခုန်သံကို ပြန်ကြားနိုင်လောက်တဲ့အထိ။

အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။

တံခါးဖွင့်သံကြားမိတဲ့ချန်ရှူကျိက ဖြေးညင်းစွာမတ်တပ်ထရပ်တယ်...ဝင်လာသူကိုငေးမောလျက်။

အမူအရာကင်းမဲ့စွာ ရပ်နေခဲ့တဲ့ကျန်းချူ...မည်သို့သောခံစားချက်မျိုးမှရှိမနေခဲ့ဘူး၊ နှစ်ယောက်အကြား ရန်ညှိုးဟောင်းများမရှိသည့်အလားပင်။

"ကျန်းချူ"
ချန်ရှူကျိဟာ သဘာဝမကျသောအပြုံးကို ပြုံးတယ်၊ အားတင်းပြီးလုပ်ယူနေရသလိုပဲ။

နှစ်ယောက်တည်းအတူမရှိရတာ ကြာမြင့်ခဲ့ပြီ။
စီးပွါးရေးဆိုင်ရာစားသောက်ပွဲညတွေမှာ တွေ့ဖူးပေမဲ့၊ အခုက ကန့်သတ်ထားသောအခန်းငယ်ထဲ နှစ်ယောက်မျက်နှာချင်းဆိုင်နေရခြင်း။

ကျန်းချူက ခေါင်းတစ်ချက်ညိတ်ပြတယ်။
အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး၊ ပေါ့ပါးသောလေသံမျိုးဖြင့်
"ဥက္ကဌချန်ကို အကြာကြီးစောင့်ခိုင်းရတာ အားနာမိပါတယ်"

'ဥက္ကဌချန်'ဟူသောနာမ်စားဖြင့်၊ နှစ်ယောက်ကြားတွင် စည်းခြားစေလိုက်ခြင်း။

ချန်ရှူကျိမျက်လုံးတွေထဲ အထီးကျန်မှုပုံရိပ်ယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။
သူ့ရဲ့အားတင်းပြုံးဟာလည်း ပြိုလဲကျခါနီးနီးပင်၊ အလိုက်သင့်စွာပဲ ကျန်းချူကိုအခေါ်အဝေါ်ပြောင်းတယ်
"Mr.ကျန်းက အလုပ်များတဲ့ဘော့စ်တစ်ယောက်ပါ၊ ကျွန်တော် စိတ်မခုရဲပါဘူး"

ချစ်သူဘဝတုန်းကဆို၊ ချန်ရှူကျိဟာ အခုလိုသတိကြီးကြီးထားနေရတဲ့လေသံဖြင့်တော့ မဟုတ်ခဲ့ဘူး။
တူညီသောနောက်ခံအင်အားကြောင့်၊ ချန်ရှူကျိက ကျန်းချူအပေါ် အထက်စီးဆန်သောအပြုအမူများဖြင့်သာ ဆက်ဆံလေ့ရှိတယ်။
ကျန်းချူကလည်း ချစ်ရသူအပေါ်သည်းခံပေးခဲ့ပါတယ်။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now