\5\

6.4K 1.1K 60
                                    

[Unicode]

ကျန်းချူဟာ ကျန်းအိမ်တော်မှာတစ်နေ့နဲ့တစ်ညသာနေသွားခဲ့တယ်...မနက်စောစောတွင်ပဲ ထွက်ခွါမည်ဖြစ်တယ်။

ကျန်းမိသားစုမှာ ကျယ်ပြန့်လှသောလုပ်ငန်းနယ်ပယ်တွေပါဝင်နေတယ်။
ထိုလုပ်ငန်းတွေအားလုံးကို ဦးစီးရသူအဖြစ်၊ ကျန်းချူက အမြဲအလုပ်များရလေ့ရှိတယ်...အနားယူချိန်တောင် မရှိသလောက်ပင်။

တစ်နေကုန်အလုပ်မလုပ်ဘဲ၊ ကြာပန်းဖြူလေးနဲ့ 'ငါ မင်းကိုချစ်တယ်'ဇာတ်လမ်းရိုက်နေတဲ့ဥက္ကဌဆိုတာ ဝတ္ထုတွေထဲမှာသာရှိပေလိမ့်မယ်။

သပ်ရပ်စွာဝတ်စားဆင်ယင်ပြီး အောက်ထပ်ဆင်းလာခဲ့တော့၊ ဧည့်ခန်းထဲမှာ လင်းဖူရွှင်ကအသင့်စောင့်ဆိုင်းနေခဲ့ပြီ။

အန်တီကျိုးက မနက်စာပြင်ဆင်ပေးထားတယ်...ကြက်သားဆန်ပြုတ်နဲ့ အရသာခပ်ပေါ့ပေါ့မှိုစွပ်ပြုတ်။

သုံးနှစ်ကြာ နိုင်ငံခြားမှာပညာသင်လာခဲ့ပေမဲ့၊ အနောက်တိုင်းအစားအစာတွေကို ကျန်းချူသဘောမကျဘူး။

ကျန်းချူရဲ့အကြိုက်ကို ဖမ်းဆုပ်နိုင်စေဖို့၊ အန်တီကျိုးအများကြီးကြိုးစားခဲ့ရပါတယ်...အခုအချိန်ထိ အတိအကျမဖော်ထုတ်နိုင်သေးပေမဲ့လို့ပေါ့။

ကျန်းချူဟာ ဆန်ပြုတ်ကိုဖြေးညင်းစွာခပ်သောက်ရင်း၊ လင်းဖူရွှင်အစီရင်ခံနေတဲ့ အလုပ်အချိန်ဇယားများကိုနားထောင်နေခဲ့တယ်။

တိတ်ဆိတ်ငြိမ်သက်နေသော ကျန်းအိမ်တော်ကြီးထဲ၊ လင်းဖူရွှင်ရဲ့အသံတစ်ခုသာ ထွက်ပေါ်လျက်ရှိတယ်။

အန်တီကျိုးနဲ့အိမ်အကူနှစ်ယောက်က ထိုတိတ်ဆိတ်မှုကြီးဖြင့်အသားကျပြီးနေခဲ့ပြီ။

ရုတ်တရပ်...ကျန်းချူခြေထောက်နားသို့ပျံဝဲလာခဲ့တဲ့ စက္ကူလေယာဉ်ပျံလေးတစ်စင်း။

တစ်ဆက်တည်းမှာပဲ၊ ကော်ရစ်ဒါဘက်ခြမ်းမှ ပြေးထွက်လာတဲ့ပုံရိပ်လေး။
ခြေထောက်နားကစက္ကူလေယာဉ်ပျံကို ငုံ့ကြည့်လိုက်ပြီး၊ ကျန်းချူမျက်ခုံးတန်းများဟာ တွန့်ချိုးလို့သွားပါတယ်။

ဒီအပြုအမူဟာ ကျန်းချူစိတ်မကြည်တဲ့အချိန်မျိုးဆို လုပ်လေ့ရှိတယ်။
ကံမကောင်းစွာဖြင့်၊ အန်တီကျိုးက နေရာမှာရှိမနေခဲ့ဘူး...ယုယီဟာ ဘာပြောရမယ်မှန်းတောင် မတွေးတောတတ်တော့ပေ၊ ရပ်ကြည့်နေလျက်သာ။

အရူးလေးကို ကျွန်တော်မချစ်ပါ [မြန်မာဘာသာပြန်]Where stories live. Discover now