အတိတ်မှာ သူနဲ့ ကျွန်တော်စသိတုန်းက
အခုလိုပဲ နွေဦးမိုးတွေ ရွာနေခဲ့တာလေ။
သူအလုပ်လုပ်တဲ့ ကော်ဖီဆိုင်က
ကျွန်တော့်စတိုးဆိုင်နဲ့ဆို သိပ်မဝေးလှဘူး။ကျွန်တော်ဟာညတိုင်းလိုလို ကော်ဖီ
တစ်ခွက်သောက်လေ့ရှိပြီးတစ်ခါတစ်လေ အပေါင်းအသင်းတစ်ချို့နဲ့ဟိုပြောဒီပြောပြောချင်တဲ့အခါတွေလည်း
အဲ့ဒီဆိုင်မှာပဲ ချိန်းလေ့ရှိပါတယ်။နိဒါန်းတွေ အကြောင်းတွေးမိရင်ရင်ခုန်ပါတယ်။
ပျော်စရာလည်းကောင်းခဲ့တယ်။အခြားသူတွေ အတွက် ကော်ဖီဆိုတာအိပ်ပျော်ဖို့ခက်တယ်၊ရင်တုန်တယ်လို့
သတ်မှတ်ကြပေမဲ့
ကျွန်တော်ကတော့လူတစ်မျိုး။
တစ်နေကုန်ပင်ပန်းထားသမျှက
ညဘက်လမ်းလေး ဘာလေးလျှောက်၊
ကော်ဖီဆိုင်လေးထိုင်မှ
နေသာထိုင်သာရှိသွားတာပါ။"စတိုးဆိုင်က အစ်ကိုကြီးနော် Jimin "
ကြားကြားချင်းကျွန်တော်ပြုံးမိပါတယ်။ဘာလို့ဆို ကျွန်တော်ဖြင့် ဆိုင်ထဲကို ဝင်ရုံရှိသေး
waitress တစ်ယောက်က
coffee bar ဆီ အဲ့ဒီလိုမျိုး
သွားပြောလိုက်တာကြောင့်ပါ။များသောအားဖြင့် ကျွန်တော်ထိုင်နေကျ
စားပွဲဝိုင်းဟာ coffee bar နဲ့နီးတဲ့ နေရာမို့ ဝန်ထမ်းတွေပြောသမျှဆိုသမျှက
ကျွန်တော့်နားထဲ
အတိုင်းသားကြားနေရတော့တာ။ထုံးစံအတိုင်းဆိုရင်ဘာသုံးဆောင်မလဲ ဘာညာမေးတတ်ပေမဲ့ ကျွန်တော်ကတော့
ပုံမှန်လာနေကျဧည့်သည်မို့ ထင်ပါတယ်။စတိုးဆိုင်က အစ်ကိုကြီးဆိုတာနဲ့
ကျွန်တော် ဘာသောက်တတ်မှန်း
ဝန်ထမ်းတိုင်းလိုလို သိနေကြတယ်။အရင်ကတော့ကြုံရာ ready made အထုတ်တွေနဲ့လည်းအဆင်ပြေခဲ့ဖူးတာပဲ။
အခုနောက်ပိုင်းတော့ဘာဖြစ်လဲမသိဘူး။
ဒီကော်ဖီဆိုင်ကမှ
မဟုတ်ရင် မသောက်တတ်တော့ဘူး။ဘယ်သူကများ ကြိုသိခဲ့ပါမလဲ။
Latte တစ်ခွက်က ကျွန်တော့အပေါ်
ဒီလောက်ထိ
စွဲလန်းငြိတွယ်စေလိမ့်မယ်လို့လေ။နှုတ်ခမ်းဖျားပေါ် ရောက်လာတဲ့ပူနွေးမှုဟာ
ရှိန်းမြမြ။
အနံခံအာရုံနဲ့အရသာခံအာရုံကို ဖြတ်သန်းစီးဆင်းသွားတဲ့ ဆွဲငင်မှုတွေ။