Part-14(U)

613 112 75
                                    

နောက်တစ်နေ့ မနက်ခင်း.....။

"ထယ် ဘယ်တွေသွားနေတာလဲ၊ဒီမှာ စတော်ဘယ်ရီ
တွေအများကြီးဝယ်ထားတယ်၊ဖျော်ရည်လုပ်ပေးရမလား၊ဒါမှမဟုတ်ဒီအတိုင်းစားမလား "

ထယ့်ပုံစံကတစ်စုံတစ်ခုကို
သွေးပျက်ထိတ်လန့်လာပုံရပါတယ်။
အစက သတိမထားမိဘူး။
မျက်နှာကိုသေချာကြည့်မိတော့မှ
ကြွင်းကျန်နေတဲ့ မျက်ရည်စတွေဟာ
မျက်တောင်ရှည်တွေမှာ ခိုတွဲနေတုန်းပဲ။
အလောတကြီးမေးမြန်းလိုက်တာကို
ကိုယ့်ဘာသာ အပြစ်တင်မိတယ်။
စိတ်ထဲမှာလည်း အမှန်တကယ်ကို အားနာမိပါရဲ့။

"ကျွန်တော် Amelia နဲ့သွားတွေ့ခဲ့တာ Hyung "

"ဟင် ဟုတ်လား "

"ဟုတ်ကဲ့ "

"ဘာ ဘာများထူးခြားခဲ့သေးလဲ ထယ် "

"ကျွန်တော်တို့ နှစ်ယောက် အမျိုးအစားချင်း
ကိုက်ညီမူ့ မရှိဘူးတဲ့ "

အသံကြားရရုံ ထယ့်စကားတွေကို
ကျွန်တော် မနည်းနားစိုက်ထောင်လိုက်ရပါတယ်။အခုလိုမျိုးပြိုပြိုလဲလဲ ဖြစ်နေတဲ့ထယ့်ပုံစံ
ကိုလည်းဒါပထမဆုံးအကြိမ်ကြုံကြိုက်ခြင်းပဲလို့
ဆိုရလိမ့်မယ်။ထယ့်နေရာမှာ ကျွန်တော်ဆိုလည်း
အခုထက်မက ယိုင်နဲ့သွားမယ်ထင်တာပါပဲ။
ထယ်ကမှ အများကြီး ကြံ့ခိုင်နေပါသေးတယ်။

ဘယ်အတိုင်းအတာအထိ
အသက်ရှင်နေထိုင်ရမယ်ဆိုပြီး သိရှိသွားတဲ့
အချိန်မှာ လူတွေ ဘာလုပ်ကြမလဲလို့
ကျွန်တော်‌တွေးကြည့်မိပါတယ်။
လုပ်ချင်တာတွေလုပ်သွားမယ်လို့များ
စဉ်းစားမိမလား။ဒါမှမဟုတ်
ကောင်းမှုကုသိုလ်တွေ သယ်သွားမယ်လို့
စဉ်းစားပြီးလက်ကျန်ဘဝကို
အားတင်းနေမလား။

ပြောလို့သာပြောတာပါ။
အမှန် တော့ အဲ့ဒီလိုပေါ့ပေါ့ပါးပါးလေးတွေးပြီး
စိတ်ဖြေဖို့ဆိုတာ တကယ့်လက်တွေ့မှာ
ဘယ်လွယ်ပါ့မလဲ။
အသက်ရှင်ခြင်းတွေကိုအကန့်သတ်ခံလိုက်ရမှတော့သေမိန့်ကျပြီးသား
လူတစ်ယောက်နဲ့ဘယ်ကွာခြားပါတော့မလဲ။

တကယ်တမ်းကျ ကျွန်တော်တို့အားလုံးက
အချိန်အကြာကြီးအသက်ရှင်ချင်ကြတာမဟုတ်ဘဲတွယ်တာရာ သံယောဇဉ်တွေနဲ့ မခွဲရဲကြသေးတာပါ။
မသွားရဲခဲ့ကြတာမဟုတ်ဘဲ
မထားရစ်ရက်ခဲ့ကြတာပါ။

Anchor in the heartOpowieści tętniące życiem. Odkryj je teraz