Part-4(U)

830 140 28
                                    

သူ့မိဘတွေ ဆီသွားတွေ့ မဲ့နေ့မှာ
မထင်မှတ်ဘဲ မိုးရွာခဲ့တယ်။
သည်းမနေဘဲ ခပ်ဖွဲဖွဲလေးရွာတာမျိုးပေါ့။

သူဟာ ကြားဖူးနားဝရှိတဲ့စကားတွေနဲ့
"ကျွန်တော်လာတယ်နော် ၊ဒါကတော့
ဘယ်သူပါ " စသဖြင့် အဲ့ဒီလိုမျိုးမပြောခဲ့ပါဘူး။

ရောက်ကတည်းက တွေတွေလေးငေးပြီး
ဒီတိုင်းလေးထိုင်နေခဲ့တာ။

နာရီဝက်နီးပါးလောက်ကြာတော့

"အစ်ကို ပျင်းနေပြီလား"တဲ့ ။

ခေါင်းကို အသာယမ်းပြလိုက်ပါတယ်။
အဲ့ဒီအခါ သူ ပြုံးတယ်။
နောက်ပြီး "ကျေးဇူးတင်ပါတယ်"တဲ့။

ဘာမှပြန်မပြောဖြစ်ပေမယ့်သူ့လက်မောင်းကို
မနာအောင် ခပ်ဖွဖွလေးထိုးပေးလိုက်တယ်။
‌ဖြေးဖြေးလေးမှ ဖြေးဖြေးလေးပဲ။
၂ချက်သုံးချက်လောက်ထိုးပေးလိုက်တော့
ကျွန်တော့် ကျီစယ်မှုကို သူရယ်ပါတယ်။
ကျွန်တော်သူ့ကို အကောင်းဆုံး
နှစ်သိမ့်နိုင်ခဲ့တယ်လို့ လည်း ထင်တာပါပဲ။

နောက်‌တော့
မိဘတွေကို နှစ်ယောက်သား ရိုရိုသေသေ
ဂါရဝပြုပြီးပြန်ခဲ့ကြတယ်။
အိမ်ကိုတော့မဟုတ်ပါဘူး။
အိမ်မရောက်ခင် စားသောက်ဆိုင်တစ်ဆိုင်ကို
အရင်ဝင်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

"ဒီဆိုင်က steak က သိပ်ကောင်းတယ်ညီ "

"ဟုတ်လား ညီဒီလိုဆိုင်တွေမထိုင်ဖူးဘူး"

"အစ်ကိုလည်း သိပ်ထိုင်လေ့မရှိဘူး။
တစ်ခါတစ်လေ
စိတ်ကူးပေါက်မှသာထိုင်ဖြစ်တာ"

"ဒါနဲ့ ဈေးအရမ်းကြီးမဲ့ပုံပဲ အစ်ကို "

"လာပါကွာ အစ်ကိုဝယ်ကျွေးမှာပါ"

ဝုန်းကနဲရွာချလိုက်တဲ့မိုးနဲ့အတူ
"အစ်ကို "လို့
လေးလေးပင်ပင်သူခေါ်လိုက်တယ်။

ထင်တာမမှားရင် သူဟာစိတ်ခုသွားသလားပဲ။
"ဝယ်ကျွေးမှာပါ " ဆိုတဲ့
စကားဟာ နည်းနည်းတော့ လောအား
ကြီးသွားမှန်း ကျွန်တော့်ကိုယ်ကျွန်တော်လည်း
သိလိုက်မိပါတယ်။

"အထင်မလွဲပါနဲ့ ညီ၊ မနက်ဖြန်အစ်ကို့‌မွေးနေ့မို့ ညီ့ကိုတစ်ခုခုဝယ်ကျွေးချင်လို့ပါ"

Anchor in the heartWhere stories live. Discover now