Part-6(U)

690 131 32
                                    

သူထွက်သွားခဲ့တာဟာ တစ်ရက်က နှစ်ရက်။
နှစ်ရက်ကနေမှ
နှစ်လကျော်လို့ သုံးလနီးပါးရှိလုပြီ။

ကျွန်တော့်ဆိုင်မှာတင်မဟုတ်
ကော်ဖီဆိုင်မှာလည်း သူအလုပ်မလုပ်တော့ဘူး။

ပျောက်ခြင်းမလှပျောက်နေခဲ့တာ
အရိပ်အ‌ယောင်လေးတောင်ရှာမတွေ့တဲ့အထိပဲ။

ထပ်မတွေ့ရအောင်လို့
ပြောခဲ့ပြီး တွေ့လို တွေငြားလိုက်ရှာနေမိတဲ့
အဖြစ်ကို ကျွန်‌တော့ဘာသာ အံဩရတယ်။

သုံးလအတွင်း ရင်ဘက်တစ်နေရာမှာ
ဘာရယ်ပါလို့ ခေါင်းစဉ်မရှိတဲ့
အစိုင်အခဲတစ်ချို့ဟာ အုံအုံဖွဲ့ဖွဲ့။

ဘယ်တုန်းကမှ မနီးစပ်ခဲ့ဖူးပေမယ့်
တကယ့်တကယ် ဝေးကွာခြင်းလမ်းတွေကို
တစ်ယောက်တည်း
လျှောက်လှမ်းရတဲ့အချိန် ဒီလူသားအပေါ်
ဘယ်လောက်မြတ်နိုးစုံမက်ခဲ့ဖူးသလဲဆိုတာ
တစ်နေ့ထက်တစ်နေ့ ပိုပိုသိလာရတယ်။

"သူမရှိတော့ဘူး "လို့တွေးမိလိုက်တိုင်း
ခန္ဓာကိုယ်ထဲက
သွေးကြောတွေ ပျက်ထွက်သွားသလိုလို၊
စီးဆင်းနေတဲ့ သွေးတွေဟာလည်း ရပ်ဆိုင်းခံလိုက်ရသလိုလိုပါပဲ။

လက်တွေ့မှာ
နေ့နေ့ညည အတူတူဖြတ်သန်းခဲ့ဖူးတဲ့
အမှတ်တရတွေနဲ့ အမှီသဟဲပြုခဲ့ ခြင်း‌တွေကို
ရုတ်တရက် ဘဝထဲက ဖယ်ရှားပစ်ရဖို့
ထင်သလောက်မလွယ်ကူတော့လည်း
သူနဲ့ ပက်သက်ပြီး ထမ်းပိုးထားသမျှဟာ
အသက်ရှုချောင်စေဖို့
ကိုယ်တိုင်အလေးခံ တွယ်တာနေရတဲ့
အတိတ်ရဲ့ပုံရိပ်တွေဖြစ်လာတယ်။

ထွေးပွေ့ထားရမဲ့ အငွေ့အသက်ဆိုလို့
အုပ်ကျိုးရောင်အနွေးထည်လေးနဲ့
အခန်းကျဉ်းထဲက
တစ်ခုတည်းသော ခေါင်းအုံးငယ်ပဲရှိခဲ့ပါတယ်။

အနမ်းတွေနဲ့ အထိတွေ့တွေ အကြောင်းကိုတော့
မကြုံဆုံဖူးတဲ့ကိစ္စတွေလို
ဖျစ်ညှစ်ပြီးမေ့ဖျောက်ထားလိုက်တယ်။
သူ့အပေါ်ထားတဲ့ သံယောဇဉ်နဲ့ အချစ်မေတ္တာ
တွေက
မပြီးသေးတဲ့ ရုပ်ရှင်တစ်ပုဒ် ဒါမှမဟုတ်
နောက်ဆုံးစာမျက်နှာတွေ
ဆုတ်ဖြဲခံလိုက်ရတဲ့ စာအုပ်တစ်အုပ်လိုမျိုးပဲ။

တဖြေးဖြေး ကျောခိုင်းရခြင်းတွေမှာ
တမြေ့မြေ့ ကြေကွဲရတဲ့အထိ
ဒြပ်မဲ့တစ်ချို့‌ဟာ အလဲလဲအပြိုပြိုဖြစ်ခဲ့ဖူးပါတယ်။

Anchor in the heartWhere stories live. Discover now