"ဘာတွေလုပ်နေတာလဲ ညီ "
"ထယ့် မွေးနေ့မို့ လို့ သူကြိုက်တတ်တာ
လေးတွေ ချက်ပေးနေတာပါ၊
အစ်ကို ရေချိူးခန်းဝင်ပြီးရင် မနက်စာစားရအောင် ""အစ်ကို့ကို နှိုးလိုက်တာမဟုတ်ဘူး၊
အစ်ကို လည်း ကူမှာပေါ့ ""မနေ့ညက ဟိုလှိမ့်၊ဒီလှိမ့်နဲ့ကောင်းကောင်း မအိပ်ဘူးလေ၊အဲ့ဒါကြောင့်မနှိုးတော့တာ"
"ကိုယ်ညီ့ကို ပြောစရာ ရှိတယ် "
"ဟုတ်ကဲ့"
ညီက လုပ်လက်စအလုပ်ကို ခေတ္တ ရပ်ပြီး
ကျွန်တော့် ဘက်မျက်နှာမူလိုက်တယ်။
မျက်နှာအနေအထားမှာ
လေးနက်မှုတွေကိုလည်းတွေ့လိုက်ရတယ်။
အဲ့ဒါ ဟာညီ့ အပေါ်လေးစားရတဲ့
အကြောင်းအရင်းတွေထဲကတစ်ခုပါပဲ။"ကိုယ် ညီနဲ့ ချစ်သူ တစ်ယောက်လို တွဲချင်တယ်"
ညီ့မျက်ခုံးတွေ ပင့်တက်သွားပါတယ်။နောက်တော့
"ကောင်းပါပြီ၊ ထယ်နဲ့လိုက်မသွားခင်အထိ
ညီတို့ အဲ့လိုနေရအောင်လေ "တဲ့။"မဟုတ်သေးဘူး ညီ ၊ကိုယ်ပြောနေတာ
ယာယီမဟုတ်ဘူး၊တစ်သက်လုံး
အတွက်ပြောနေတာ "ညီဟာ ကျွန်တော့်ကို မျက်လုံးကလေးတွေ
ဝင့်ပြီးကြည့်လာပြန်တယ်။
အဲ့အကြည့်တွေမှာ ထူးဆန်းအံ့ဩမှုတွေအပြည့်ပဲ။"အစ်ကို့မှာ လက်ထပ်ရမဲ့သူ ရှိတယ်လေ "
"အစ်ကို ဆိုလေးကို
စကားပြောတော့မှာ၊ မိဘတွေကောပဲ ""အစ်ကိုက ဘာပြောမှာလဲ "
"အစ်ကို ဆိုလေးနဲ့ လက်ထပ်ဖြစ်မှာ
မဟုတ်တဲ့ အကြောင်းပေါ့ ""ညီ့အတွက်နဲ့ တော့ အဲ့လိုလုပ်စရာမလိုပါဘူး၊
ညီ နေကောင်းပါတယ် ၊ညီဘာမှမဖြစ်တာမို့လို့""ကိုယ်ပြောတာလေးဆုံးအောင်
နားထောင်ပါဦး ညီရယ် ၊ကိုယ့်ဆုံးဖြတ်
ချက်က ညီ့ရဲ့ နေကောင်းကျန်းမာခြင်း
တွေနဲ့ ဘာမှ မသက်ဆိုင်ဘူး။
ညီနေကောင်းသည်ဖြစ်စေ၊နာဖျားသည်
ဖြစ်စေ ကိုယ် မင်းအနားမှာရှိချင်တယ်ညီ၊
ရှေ့လျှောက် ဆင်းရဲရဲ၊ချမ်းသာသာ
ချစ်တဲ့သူနဲ့ပဲ လက်တွဲသွားချင်တယ် "