Part-12(U)

624 121 84
                                    

"အစ်ကို သိလား အဲ့အသင်းဖန်တွေ
အရမ်း အငြင်းသန်တာ၊ ပွဲတစ်ရာမှာ
တစ်ပွဲလောက်နိုင်ရင် လေကျယ်လို့ကို
မပြီးနိုင်တော့ဘူး ။ညီ့အသင်းလိုမျိုးပွဲစဉ်
ဆက်တိုက်သာ နိုင်နေရင်
ဘယ်လိုများနေမလဲမသိဘူး"

"သူက လူကြီးပဲလေ ညီရယ် ၊‌စိတ်လျော့
လိုက်ပါ၊ သူ့မှာ တစ်ခါတစ်လေ
လာကြွားရတဲ့ဟာ "

"နောက်တစ်ပွဲတော့ ညီနဲ့ တွေ့ဦးမယ်၊မကျေနပ်ဘူး
မှတ်ထားတယ် "

ဘောလုံးပွဲရှိတဲ့ ရက်တွေမို့ဖက်ထုပ်ဆိုင်က
ဦးလေးကြီးနဲ့ ညီဟာ
တစ်ပွဲ၊တစ်လမ်း နွှဲပြီးပါပြီ။

ဒီတစ်ခါတော့ညီ့ကို ကျွန်တော်လည်း
မကယ်တင်နိုင်ခဲ့ဘူး။
အဲ့ဒီ ဦးလေး လာတဲ့ အချိန်
ဆိုင်ထဲမှာ ကျွန်တော်ရှိမနေခဲ့ဘူး။

မနက်စောစောထဲက ညီ့ဆီလာပြီး
သူ့အသင်း ဘယ်လိုကောင်းကြောင်း၊တော်
ကြောင်း ချီးမွန်းခန်းတွေ ဖွင့်သွားခဲ့တာ အချိန်
တစ်နာရီနီးပါးလောက်ရှိလိမ့်မယ်ဆိုပြီး
ထယ် ပြောပြလို့သိရပါတယ်။

ဒါကို ညီတစ်ယောက် ခံပြင်းမဆုံးနိုင်ဘူးထင်တာပါပဲ။မဆီမဆိုင်ကျွန်တော့တို့ကို လှည့်ပတ်ရန်ရှာနေတာဟာ ဒီတစ်မနက်လုံးကုန်တဲ့အထိပဲလို့ ဆိုရမယ်။

"ညီပြောတော့ ညီ့အသင်းနိုင်မှာပါဆို၊ဒီတစ်ခါ
ဘယ်လိုဖြစ်ရတာတုံး"

"ပြိုင်ပွဲပဲ လေ တစ်ခါတစ်လေတော့ ရှူံးမှာပေါ့
အစ်ကိုက ဘာဖြစ်နေတာလဲ "

"အေးပါကွာ "

ညီနဲ့ စကား ပြောနေတုန်းအမှတ်တမဲ့ထယ့်ဆီ
လှမ်းကြည့်မိတော့ လမ်းအပြင်ကိုသာထိုင်ငေးနေပါတယ်။
ဒီရက်ပိုင်း ထယ်နဲ့ ညီဟာ ဝိဉာဉ် တွေ
လဲသွားသလားတောင် အောင့်မေ့ရတယ်။

စကားတွေ ဖောင်ဖွဲ့ပြီး ပြောစရာ
အကြောင်းအရင်း တစ်ခုမဟုတ်တစ်ခု
ရှိနေတဲ့ ထယ်ဟာ အခုတလော ဘာစကားမှ
သိပ်မပြောတော့ဘူး။
ဆန့်ကျင်ဘက်မှာတော့ ညီ့အပြုအမူတွေက
သွက်လက်တက်ကြွလွန်းနေပြီး
တစ်ခါတစ်လေ ဘယ်သူက ညီလဲ၊ဘယ်သူ
ကထယ်များလဲ လို့ သရုပ်ခွဲမရတဲ့ အထိပါပဲ။
ညီဟာ တကယ်ပဲ သူပြောဖူးတဲ့
စကားအတိုင်း လက်ရှိမှာ ပျော်အောင်
နေသွားဖို့ပဲ ကြိုးစားနေတယ်နဲ့တူပါတယ်။

Anchor in the heartWhere stories live. Discover now