အဲ့ဒီရက်တွေတုန်း က ညီတို့နှစ်ယောက်စလုံးဟာ ခရီးသွားမဲ့ကိစ္စနဲ့အလုပ်ရှုပ်နေခဲ့ကြတာပါ။
သွားမဲ့ ရက်က နီးလာတော့လည်း
ပြင်ဆင်စရာတွေက ပိုပိုပြီးများလာတယ်လို့
ဆိုရလိမ့်မယ်။ဘယ်လောက်ထိလဲမေးရင်
ဆိုင်ဘက်တောင်သိပ်မလာဖြစ်ကြတဲ့အထိပဲ။
ညီကတော့ တစ်နေ့တစ်ခေါက်လောက်
ရောက်အောင်လာတွေ့ပေးပါတယ်။
ကော်ဖီသောက်ရင်း နာရီဝက်၊တစ်နာရီ
လောက်စကားပြောလေ့ရှိတယ်။
ပြီးရင်တော့ သူပြန်တယ်။ဟိုးတုန်းက
ကျွန်တော်မအားလပ်တိုင်း
ကော်ဖီတစ်ခွက် အပြေးအလွှားယူလာပေးတဲ့
အချိန်တွေဆီပြန်ရောက်သွားသလိုပါပဲ။"ဟေ့ အုန်းသီး မင်းစာမေးပွဲဖြေရတော့မှာ
မဟုတ်လား""ဟုတ်တယ်ဗျ ဖြေရတော့မှာ"
"စာတွေ ဘာတွေအကုန် ရပြီလား "
"ဟုတ်ကဲ့ ရသလောက်တော့ရှိပြီ"
ဒီရပ်ကွက် အနီးနားမှာ တက္ကသိုလ်
တစ်ခုရှိတာမို့ အဲ့ဒီက ကျောင်းသူ
လေးတွေကို ကျွန်တော့် ဆိုင်မှာ ခဏခဏ တွေ့ရတတ်တယ်။
ကြာလာတာနဲ့အမျှအချင်းချင်း
မျက်မှန်းတန်းမိကြပြီးဂျောင်ကုကို ဆိုသူတို့အားလုံးက သိပ်ချစ်ကြတယ်။အမြဲတမ်းလိုလိုစနောက်လေ့
ရှိတတ်ကြတယ်။နောက်တော့
ဂျောင်ကုဆံပင်ကို သတိထားမိလို့ထင်တာပဲ။အသည်းတယားယား နဲ့"အုန်းသီး" လို့
လည်းခေါ်တတ်ကြပါတယ်။"စကားမစပ် နင့်ကို ငါတို့မေးရဦးမယ်"
"ဟုတ်ကဲ့ "
"ဒီဆိုင်က ရွှေရောင်နားကပ်လေးဝတ်တဲ့
တစ်ယောက်လေ၊အဲ့ဒီတစ်ယောက်ကို ငါတို့နဲ့ သဘောမတူချင်ဘူးလား""မတူပါဘူး "
"ဟယ် ဘာလို့တုံး ငါတို့ကမချောလို့လား"
"ချောတာကချောပါတယ်၊ ဒါပေမယ့်
Jiminshi က ကျွန်တော့်ရည်းစားဗျ"ဂျောင်ကုစကားကြောင့် ရေသောက်နေရင်း ကျွန်တော်ဖြင့် အံ့ဩသွားမိပါတယ်။
ရုပ်ရှင်တွေထဲကလို ရေနင်တာတို့၊ရေသီး
တာတို့ တော့မဖြစ်ခဲ့ဘူးပေါ့။" နင်ကလည်း ယောက်ျားလေးအချင်းချင်း
ဘယ်လိုလုပ်ပြီး ရည်းစားဖြစ်သွားရတာလဲ"