Extra (U)

824 111 103
                                    


ကောင်းကင်ဘုံသို့ ရေးတဲ့ စာ။

နေကောင်းပါရဲ့လားညီ။ဒီနေ့ဆိုရင်ညီကိုယ့်အနားက ထွက်သွားခဲ့တာ ၁၈နှစ်တင်းတင်းပြည့်ခဲ့ပြီ။

လောကကြီးမှာ မရှိတော့တဲ့တစ်စုံတစ်ယောက်ဆီ စာရေးရတာနည်းနည်းတော့ ဝမ်းနည်းစရာကောင်းနေသား။
မဟုတ်သေးဘူး .....နည်းနည်းလေးမဟုတ်ဘူး။

တကယ်တော့ခံစားနိုင်သမျှ အသိအာရုံတွေထဲအထိအဆင့်လွန်နာကျင်တယ်လို့ဆိုရလိမ့်မယ်။
နောက်ပြီး
ဒီစာကိုမင်းဖတ်ဖြစ်လိမ့်မယ်။ကိုယ့်စကားတွေကို
မင်းကြားလိမ့်မယ်လို့ ကိုယ်ဖြင့်
တစ်ဖက်သတ်ယုံကြည်ထားတာပဲ။

ဂျောင်ကုက ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းအုပ်ဖြစ်သွားခဲ့ပြီညီ ။ညီသိပ်ချစ်တဲ့
ကလေးလေးက အခုတော့လူကြီးလေးဖြစ်နေပြီ။

အစ်ကို့ကိုလည်း သိပ်ဂရုစိုက်ပါတယ်။
အသက်အရွယ်တွေ ရလာတော့လည်း
ဒီလိုပဲ
ကိုင်းကျွန်းမှီ ‌ကျွန်းကိုင်းမှီနေနေရတာပါပဲ။

ဒါပေမဲ့ အခုတော့ သူ အစ်ကို့ အနားမှာ
မရှိဘူး။ရာထူးတိုး အတွက် နယ်ပြောင်းသွားရတယ်။ဂျောင်ကု မရှိဘဲ နေနေရတာဒီနှစ်နဲ့ဆို သုံးနှစ်ရှိပြီ။ဖုန်းအဆက်အသွယ်ကတော့ နေ့တိုင်းရှိပါတယ်။ပိတ်ရက်ရှည်တွေမှာ
ဆိုရင်လည်း သူပြန်လာတယ်။

ဒါနဲ့ထယ်ကောနေကောင်းလား။ညီတို့
ဆုံဖြစ်ရဲ့လား။ပင်လယ်တွေဆီ
ခရီးသွားဖြစ်ကြရဲ့လား။
ထယ့်ကို လည်း သိပ်သတိရတာပဲ ညီရယ်။
အဲ့ဒီမှာရော စနေသားက စကားတွေများနေသေးလား။အညိုရောင်တွေကိုရောကြိုက်နေတုန်းလား။

မနေ့တုန်းကတောင် ဈေးဝယ်သူ
တစ်ယောက်ဆီမှာ Maxနဲ့ အမျိုးအစားတူ
ခွေးလေး‌တစ်ကောင်တွေ့မိသေးတယ်။
Max ကတော့ မရှိတော့ဘူး။

ညီ အစ်ကို့ဆီမှာတိတ်ခွေတစ်ခုသိမ်းခိုင်းထားတာမှတ်မိဦးမလား။
အစ်ကိုတို့အတူတူနားထောင်ခဲ့တဲ့
Carpenters ရဲ့ "Close To You"သီချင်းလေ။

တစ်ချိူ့ညတွေမှာ ပျက်စီးလုနီးပါးဖြစ်နေတဲ့ ကတ်ဆက်ထဲ တိတ်ခွေထည့်ပြီးသီချင်း
နားထောင်ဖြစ်တယ်။ ခေတ်ကာလက
တိုးတက်နေပြီမို့ ဖုန်းထဲမှာရှာပြီး ‌နားထောင်လည်းရပေမဲ့ ကိုယ်ကတော့
ကတ်ဆက်နဲ့ပဲနားထောင်ဖြစ်တုန်းပဲ။

Anchor in the heartTahanan ng mga kuwento. Tumuklas ngayon