Part-9(U)

616 114 98
                                    


"စားလို့ အဆင်ပြေရဲ့လား ၊
ကိုယ်တစ်ခုခုထပ်လုပ်ပေးရမလား"

"ပြေတယ် အစ်ကို ၊ထပ်မလုပ်နဲ့တော့
အခုတောင်များနေပြီ"

"ပြီးရင်ဆေးသောက်နော် မေ့နေမယ် "

"ဟုတ်ကဲ့"

စကားနည်းသူနှစ်ယောက်ရယ်မို့ အမြဲတမ်းနီးပါးထမင်းဝိုင်း‌တွေ ‌ဟာ ဒီလိုပဲတိတ်တိတ်ဆိတ်ဆိတ်နဲ့ပြီးဆုံးလေ့ရှိပါတယ်။
တစ်ယောက်ကို တစ်ယောက်မကြည့်ဖြစ်ဘူး။
မနက်စာကို အာရုံစိုက်စားရင်းပဲ
ဘာစကားမှလည်းမပြောဖြစ်ခဲ့ကြပါဘူး။

"Hyung"

ကြားလိုက်ရတဲ့ ခေါ်သံတစ်ခုကြောင့်
ကျွန်တော့ခါးတွေ တောင့်မတ်သွားတယ်။
ညီနဲ့ ကျွန်တော်ဟာ
တစ်ယောက်ကို တစ်ယောက်မေးခွန်း
ထုတ်သလို ကြည့်မိခဲ့ကြပါတယ်။

"ထယ့် အသံပဲ သူဒီကို ဘယ်လို "

ရေရွတ်သလို တိုးတိုးကလေး ဆိုရင်း
ဆိုင်အရှေ့ဖက်ဆီသူထွက်သွားတယ်။
နောက်တော့ ထယ့် လက်ကိုဆွဲပြီး
ထမင်းစားခန်းထဲပြန် ဝင်လာခဲ့တယ်။

ထယ်ဟာ ကျွန်တော့ကိုတွေ့တွေ့ချင်း
လှိုက်လှိုက်လှဲလှဲရယ်ပြတယ်။ဒီနေရာကိုမကြာခဏရောက်ဖူးနေကျလိုမျိုးသွက်သွက်လက်လက် ထမင်းစားခုံဆီဝင်ထိုင်ပါတယ်။

"ဘာလို့ ငါ့မနှိုးသွားတာလဲ၊ တစ်ခါတည်း
နှိုးခဲ့တာမဟုတ်ဘူး"

"အစကတော့ နှိုးမလို့ပါပဲ။နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာမို့လို့အိပ်ပါစေဆိုပြီး မနှိုးဖြစ်တော့တာ"

"နောက်ရက်တွေငါ့ပါ ခေါ်၊
ငါ့မှာ ဒီလမ်းတွေကို မမှတ်မိရတဲ့
ကြားထဲ မနည်းပြန်ရှာယူရတယ် "

"နေပါဦး ငါဒီမှာ ရှိတယ် လို့
မင်းက ဘယ်လိုလုပ်ပြီးသိသွားတာတုံး"

"မနက်အစောပိုင်းတွေဒီမှာအလုပ်ဆင်းတယ်ဆိုလို့‌လေ။မနေ့ကJin Hyung ပြောပြတာ၊
ဒါနဲ့Jin Hyung ကကျွန်တော့ကိုလည်း
မနက်စာကျွေးမယ် မဟုတ်လား "

မျက်နှာလှလှနဲ့ထယ်ကအသက်ဝင်နေတဲ့ အရုပ်
တစ်ရုပ်အတိုင်းပါပဲ။
တောင်းလည်းတောင်းဆိုတတ်တယ် တကယ်။

Anchor in the heartWhere stories live. Discover now