Part -10(U)

628 116 97
                                    

အချိန်ကာလအားဖြင့် တစ်လနီးပါးလောက်
ကြာသွားပြီးချိန်မှာတော့
ကျွန်တော်နဲ့ ထယ်ဟာ
အတော်အသင့် ရင်းနှီးမှုတွေ ရနေခဲ့ပြီ။

အမြဲတမ်းနီးပါး ငြိမ်သက်နေတတ်တဲ့ စတိုးဆိုင်လေးဟာအရင်လိုမဟုတ်တော့ဘူး။
တစ်နေ့တစ်မျိုး မရိုးရလေတဲ့ရယ်သံတွေ၊အပြန်အလှန် ခွန်းတုံ့ပြန်မှုတွေနဲ့
လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့တယ်။

အနီးနားပတ်ဝန်းကျင်ကလူတွေတောင်အံဩရတဲ့အထိပျော်ရွှင်နွေးထွေးမှု အပိုင်းအစတွေ ဟာကျွန်တော့်ဆိုင်ရဲ့
နေရာအနှံ့မှာပြန့်ကျဲနေတော့တာပါပဲ။

အဲ့ဒီအပြင် အထက်တန်းကျောင်းသားလေးလည်းတော်ရုံတန်ရုံအိမ်မပြန်ဖြစ်တော့ဘူး။
များသောအားဖြင့် ကျွန်တော်တို့နဲ့အတူတူလာနေတယ်။တစ်ခါတစ်လေနောက်ဖေးခန်းရဲ့ထမင်းစား စားပွဲမှာ စာလာကျက်တတ်တယ်။

ထယ်က စာရှင်းပြပြီးညီက စာစစ်ပေး‌လေ့ရှိတယ်။တစ်ချို့ ညတွေဆို ထပ်ခိုးငယ်မှာ
လေးယောက်စုအိပ်တယ်။

အဝေးတစ်နေရာမှာ တာဝန်ကိုယ်စီ
ထမ်းဆောင်နေတဲ့ မိဘတွေကြောင့်
အစ်ကိုတွေ ဘယ်သွားသွားလိုက်ချင်တယ်။
အစ်ကိုတွေ ဘာပြောပြောသိချင်တယ်။
အထီးကျန်ဆန်နေတဲ့ကောင်ငယ်လေးဟာ
ကျွန်တော် တို့အနားမှာပဲ ပျော်ပုံရပါတယ်။

"ဘာဖြစ်လာတာလဲ ကလေး "

ညီ့အမေးကြောင့် လှမ်းကြည့်မိတော့
ဆိုင်ထဲကို လေးလေးလံလံ ဝင်လာသူဟာ
ကျွန်တော်တို့ ရဲ့ ကျောင်းသားလေးဖြစ်နေခဲ့တယ်။

မျက်နှာတစ်ခုလုံး ဒါဏ်ရာဒါဏ်ချက်တွေနဲ့မို့
ရန်တွေဘာတွေဖြစ်လာသလားလို့ ထိတ်ကနဲ
စိုးစိတ်ဝင်မိသွားပါတယ်။တကယ်လည်း
ကျွန်တော့်အတွေးဟာ ရာနှုန်းပြည့်မှန်နေခဲ့တယ်။

"အခန်းထဲကကောင်တွေနဲ့ ပြသနာတက်လာတာ
ဘာလဲ jiminshi က ထပ်ဆူဦးမလို့လား"

"မဆူရပါဘူး Hyung ကစိတ်ပူလို့
မေးတာပါ ၊ဂျောင်ကုက Hyung အပေါ်
ကိုဆို အမြဲထင်လွဲနေတော့တာပဲ၊
ဘာလို့များ ဒီလောက်အလိုလိုက်ထားရက်နဲ့
Hyung ကို ဆို အမြဲတမ်းဆိုးနေရတာလဲ "

Anchor in the heartWhere stories live. Discover now