Part -16 (U)

721 117 96
                                    

ပြသနာတွေဖြစ်ပြီး၂ရက်ကြာတဲ့အထိ
ကျွန်တော်တို့ မဆုံဖြစ်ခဲ့ဘူး။ ဆုံဖြစ်ခဲ့တဲ့
နေရာဟာလည်း ကျွန်တော့ဆိုင်ရဲ့ ထယ်ခိုးငယ်
ဖြစ်နေလိမ့်မယ်လို့
ကျွန်တော် တစ်ခါမှ မတွေးမိခဲ့ဘူး။တကယ်က
အဝတ်အစားတွေပြန်ယူမယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ဆိုင်ဘက်ကို ရောက်လာခဲ့တာ။
ဆေးရုံမှာ တောက်လျောက်ရှိနေတာမို့
ညီနဲ့ မတွေ့ဖြစ်တာ ၂ရက်တိတိရှိနေပြီလေ။

ထပ်ခိုးတစ်ခုလုံး ဆေးလိပ်နံ့တွေ မွှန်တက်နေတယ်။
ညီက လှေကားဝကို တစ်ချက်လှမ်းကြည့်တယ်။
နောက်တော့ ဆေးလိပ်ကို လက်မှာညှပ်ထားရင်း
မီးခိုးငွေ့တွေ မှုတ်ထုတ်ပစ်တယ်။
စီးကရက်အပိုင်းအစတွေ ဟာ
ဖြစ်သလို ပြန့်ကြဲမနေဘဲ ခွက်တစ်ခုထဲမှာ
‌အကျအန နေရာယူထားလေရဲ့။

"ညီ ရောက်နေတာလား "

ညီက ကျွန်ဝောာ့်စကားကို ပြန်မဖြေပါဘူး။
နှုတ်ခမ်းလေးလှုပ်ရုံပြုံးပြီး
ခေါင်းတစ်ချက်ငြိမ့်ပြတယ်။

"အစ်ကိုဆေးရုံပြန်သွားရမယ် ညီ ၊ တစ်ရက်နှစ်ရက်လောက်တော့ထပ် ကြာလိမ့်မယ် "

အဝတ်‌ဗီဒို ကို ဖွင့်ပြီး လိုအပ်တာတွေ
ထည့်နေတုန်း ညီ့ဆီကစကားတစ်ခွန်း
ထွက်ပေါ်လာတယ်။

"ပင်ပန်းနေပြီလား အချစ် " တဲ့။

အဝတ်ထည့်နေရင်း အတင်းဖိအားပေး
ရပ်တည်နေရတဲ့ ခြေအစုံဟာ ပျော့ကျသွားတယ်။
သူ့ဆီလှမ်းကြည့်မိတော့ "ညီ့ ဆီလာပါ ဦး" တဲ့။

အဝတ်အိတ်ကို ပစ်ချပြီး
သူ့ရင်ခွင်ထဲ အလိုက်သင့်ဝင်နေလိုက်တယ်။
သူ့ရင်ဘက်ကို မျက်နှာအပ်ပြီးကျွန်တော့
မျက်လုံးတွေကို အနားပေးလိုက်တယ်။

ရေချိူးဆပ်ပြာတစ်ဗူးထဲကို အတူတူ
သုံးကြပေမဲ့
သူ့ဆီကရတဲ့အနံဟာ ပိုမွှေးတယ်။
သံပုရာနံ့ နဲ့အတူတူ စီးကရက်အနံ့ကိုလည်း
ရောပြွန်းပြီးရနေတယ်။တဖြေးဖြေးနဲ့
အဲ့ဒီရင်ခွင်ငယ်ကို အပိုင်လိုချင်လာသလိုလိုပါပဲ။

"မတွေ့ရတဲ့ နှစ်ရက်အတွင်း
ဘာလို့ မျက်နှာက အရမ်းချောင်ကျသွားတာလဲ ၊
ဘယ်လောက်ပဲ စိတ်ပင်ပန်းတယ်ဆိုဦးတော့
ထမင်းကို ဝင်အောင်စားပြီး၊ညဘက်
တွေ စောစောအိပ်မှ ပေါ့ ၊
ညီက အချစ်ကို အရမ်းချောတာဆိုပြီး
ပတ်ကြွားထားတာ၊ညီ့ကောင်လေးက
သိပ်ခန့်ညားတာဆိုပြီး ပတ်ကြွားထားတာ "

Anchor in the heartWhere stories live. Discover now