Chapter ( 1 )

8.5K 262 6
                                    

Unicode

ငါက ငမွဲလေးပါကွာ

ညအချိန်ဆိုပေမဲ့လည်း မှောင်မဲမနေဘဲ လင်းထိန်နေပြီး တိတ်ဆိတ်နေပါသော ခြံဝန်းကြီးထဲသို့ ကောင်လေးတစ်ယောက် ခိုးကြောင်ခိုးဝှက်နဲ့ ဝင်လာနေသည်။ ခိုးကြောင်ခိုးဝှက်ဆိုပေမယ့် ကြောင်လန့်နေတာမျိုးမဟုတ်ဘဲ ဖြေးဖြေးချင်းသာ အိမ်ထဲကို ဝင်လာသည်။ အထဲကိုရောက်တော့ တိတ်ဆိတ်နေတာကြောင့် သူ့နှုတ်ခမ်းပါးက ကွေးတက်သွားခဲ့သည်။ အဲ့ဒီနောက်တော့ ပုံမှန်လေးပဲ ဧည့်ခန်းကိုကျော်ကာ အခန်းကိုသွားဖို့ လှေကားဆီ သွားဖို့ပြင်လိုက်သည်။

"အဲ့တာ ဘယ်ကပြန်လာတာလဲ"

ဧည့်ခန်းထဲမှ သူ့အဖေဖြစ်သူရဲ့အသံက တိတ်ဆိတ်နေသောအိမ်ထဲ ဟိန်းထွက်လာသည်။ ရုတ်တရတ်အသံကြောင့် အသည်းငယ်ပါသော သူ့ခန္ဓာကိုယ်လေးက သရဲကိုရှေ့တည့်တည့်တွေ့ရတာထက်ပင် တုန်တက်သွားသည်။ သူချစ်လည်းချစ်၊ ကြောက်လည်းကြောက်ရပါတဲ့ သူ့အဖေက တစ်ခါတလေ သူ့ကိုအလိုလိုက်ပေးသလောက် ဒေါသထွက်တဲ့အခါမှာလည်း ကြောက်စရာကောင်းလှသည်။ ဒါကြောင့် အပြုံးမျက်နှာလေးသာ ချိတ်ဆွဲထားပြီး သူ့အဖေရှေ့ကို ပြန်လှည့်လာခဲ့ရသည်။

"ပြောစမ်းပါဦး ဘယ်ကပြန်လာလဲဆိုတာ"

အခုအချိန်က ည၁၁နာရီအထိ ရောက်နေပြီဖြစ်ပြီး ဒီချိန်ထိ ဧည့်ခန်းမှာ ထိုင်စောင့်နေသော သူ့အဖေက သူဘယ်သွားခဲ့လဲဆိုတာ သိနေပြီလို့ သူတွက်လိုက်သည်။

"သား club.. clubက ပြန်လာတာပါ ဖေဖေ။ သူငယ်ချင်းက မွေးနေ့ဆိုပြီး ဖိတ်လို့မို့ မသွားချင်သွားချင်နဲ့ သွားခဲ့ရတာ ဟီး"

"အော်.. အဲ့လိုလား။ ရှေ့ရက်ကလည်း သူငယ်ချင်းမွေးနေ့ဆိုပြီး မင်းတို့တွေ သွားသောက်ခဲ့ကြသေးတယ်မဟုတ်လား"

"အဲ့..တာက... ဟုတ်.. ဟုတ်တယ်လေ။ အခုက တ..ခြားတစ်ယောက်ရဲ့မွေးနေ့ပါ။ သားမှာက သူငယ်ချင်းတွေ အများကြီးပဲဆိုတော့... မွေးနေ့ပွဲတွေလည်း အများကြီးတက်ရတယ်လေ။ ဖေဖေ့စီးပွားရေး ညစာစားပွဲတွေလိုမျိုး အမြဲသွားရသလို သားလည်း လူမှုရေးအရ သွားပေးရတာပေါ့။ မသွားရင် မကောင်းဘူးလေ"

I Found Love In a Village [Completed]Where stories live. Discover now