Chapter ( 38 )

1K 78 4
                                    

Unicode

မသိတဲ့သူတွေအဖြစ်ပဲ နေကြရအောင်

ဒီနေ့လရောင်တို့ သင်ခန်းစာတစ်ခုကို ပြီးသွားပြီး အချိန်က ၁၁နာရီ ၄၅မိနစ်မှာဖြစ်လေသည်။ ဒီအတွက် သူတို့ကတော့ နောက်ထပ်ဆက်သင်ဦးမယ်လို့ ထင်ကြပေမယ့် ဆရာက စာအုပ်သိမ်းလို့ရပြီဖြစ်ကြောင်း ပြောပြီး ဆင်းပေးလိုက်သည်။ အကုန်လုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ အမြန်သိမ်းဆည်းကာ ထွက်သွားကြသည်။

လရောင်တစ်ယောက်ကပဲ စာအုပ်တွေကို အေးဆေးထည့်နေရင်း ကျန်ရစ်ပြန်သည်။ သူ့ကို စောင့်နေမယ့်သူက မရှိတော့တဲ့အတွက် သူအမြန်လုပ်လို့လည်း ဘာထူးမှာလဲ။ လရောင်လေးမှာ အရင်ကလို အလျင်လိုစွာ  အိမ်ပြန်မလာတော့ဘဲ အေးအေးဆေးဆေး လမ်းလျောက်ပြန်လာခဲ့သည်။

"ကိုကိုလရောင်.."

သူ့အိမ်ဝန်းထဲ ဝင်မယ်အလုပ်မှာ ဒီအသံကို လရောင်ကြားလိုက်ရပြီး နောက်ပြန်လှည့်ကြည့်မိသည်။ သူမက သူတို့ရွာထဲက သူ့ထက်၃တန်းငယ်ပါတဲ့ ပန်းအိဆိုတဲ့ ကောင်မလေးဖြစ်သည်။

"အာ.. ပန်းအိ။ ဘာဖြစ်လို့လဲ"

"ညီမလေး ပြော... ပြောစရာရှိလို့"

"ပြောလေ။ ဘာမို့လဲ။ အားနာမနေပါနဲ့"

သူမက ပြောရမလား မပြောရဘူးလားဆိုတာ ဝေခွဲမရဖြစ်နေပုံကို လရောင်မြင်နေရတာကြောင့် သူမကို ပြောဖို့သာ အားပေးလိုက်သည်။

"ညီမလေး ပြောမယ့်ဟာကလေ... သိပ်ပြီးတော့.. မသေချာဘူးရယ်.."

"ဟုတ်ပါပြီ..။ ဘာများလဲ"

လရောင်အပြုံးလေးနဲ့သာ ပြောလိုက်ပေမယ့် သူမထင်မြင်ချက်တွေကို ကြားပြီးတဲ့နောက်မှာ သူ့အပြုံးတွေကိုတောင် ဆက်ပြီး ချိတ်ဆွဲမထားနိုင်တော့ပါ။

အိမ်ထဲကို ဝင်မယ့်လရောင်က တစ်နေရာကို ဦးတည်ပြီး ထွက်သွားခဲ့သည်။ ဆယ်မိနစ်လောက် လမ်းလျောက်လာခဲ့ပြီး သူတစ်နေရာကို ရောက်လာခဲ့တော့သည်။

"အစ်မဟေမာန်ဦး"

အိမ်အပြင်က သစ်ပင်ရိပ်မှာ စာလုပ်နေပါတဲ့ သူမက အသံကြားရာကို ခေါင်းထောင်ကြည့်လာပြီး လရောင်ဖြစ်ကြောင်းသိလိုက်ရတာနဲ့ မျက်နှာလေးပေါ် အံသြရိပ်တွေပေါ်လာသည်။ လရောင်က သူမတို့အိမ်ကို တစ်လမှာ တစ်ကြိမ်ပြည့်အောင်ပင် မလာတတ်တာကြောင့်ပင်။

I Found Love In a Village [Completed]Where stories live. Discover now