Chapter ( 29 )

888 75 1
                                    

Unicode

သူခိုးရှင်းနောင်

လရောင်ရဲ့ကျောင်းပိတ်ရက် တတိယမြောက်နေ့။ သူတို့တကယ်တွဲလာခဲ့တဲ့ တတိယမြောက်နေ့လည်း ဖြစ်သည့် ဒီနေ့က နာမည်လေးကတော့ romanticဖြစ်နေပေမယ့် နေက ကျစ်ကျစ်တောက်ပူနေသည်။ အချိန်ကလည်း မွန်းတည့်ချိန် နေ့၁၂နာရီဖြစ်တဲ့အတွက်သာ။ ဆောင်းရာသီထဲကို ရောက်လာခဲ့တာတောင် နွေနဲ့ပဲ ခွန်ရှင်းနောင်မှားနေမိသည်။

နေက သူ့ကိုမီးသွေးခဲဖြစ်စေအောင်ထိ လုပ်နိုင်ပေမယ့်လည်း ရှင်းနောင်တစ်ယောက်က ခြံပေါက်ဝလေးတွင် မတ်တပ်ရပ်ရင်း ခေါင်းလေးတထောင်ထောင်နဲ့ တစ်ဘက်လမ်းသို့ မျှော်ကြည့်နေသည်။ သူလေးကတော့ သေချာပေါက် လရောင်ကျူရှင်ပြန်ကို စောင့်မျှော်နေတာပဲပေါ့။

အရင်တုန်းကတော့ သစ်ပင်ရိပ်လေးမှာ မုန့်လေးနဲ့ပဲ အေးဆေးပဲ သူထိုင်စောင့်တတ်သည်။ ယခုအချိန်မှာ အကြောင်းအရာတစ်ခုကြောင့် သူအပေါက်ဝထိ ထွက်လာပြီး သူ့ကောင်လေး ကျူရှင်ပြန်လာမှာကို စောင့်ကြိုနေသည်။ ငါးမိနစ်လောက်အကြာမှာပဲ လရောင်ရဲ့ပုံရိပ်သေးသေးလေးကို သူမြင်လိုက်ရသည်။

'ငါ့ကို အပူကြီးထဲ အကြာကြီးတော့ မစောင့်ခိုင်းဘူးဘဲ'

ပုံမှန်ပဲ လမ်းလျောက်လာတဲ့ လရောင်က သူ့ကိုမြင်တဲ့အခါမှာတော့ အပြေးတစ်ပိုင်းနဲ့ သူ့ဆီကိုလာနေလေသည်။

တောင့်တောင့်တင်းတင်း ရပ်နေခဲ့တဲ့ ခွန်ရှင်းနောင်လေးက ရုတ်တရတ်ပဲ ခန္ဓာကိုယ်က အနည်းငယ်ကိုင်းသွားခဲ့သည်။ သူ့ကိုယ်သူတောင် မနိုင်တော့တဲ့ဟန်နဲ့ ဘေးက တိုင်လေးတစ်ခုကိုလည်း ကိုင်ထားသေးသည်။ စောနလေးက မျှော်လင့်ချက်တွေနဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာလေးက ယခုတော့ မှိုင်မှိုင်တွေတွေလေး ဖြစ်သွားသည်။

လရောင်က သူ့အနားကို စက္ကန့်ပိုင်းလေးမှာပဲ ရောက်လာခဲ့သည်။

"အစ်ကိုဘာလို့နေပူထဲ ထွက်နေတာလဲ"

'ဒါက မေးနေစရာလား! ငါမင်းကို စောင့်နေတာလေ' သူလေးမှာ စိတ်ထဲကနေပဲ ပြန်ပြောနိုင်သည်။ ဘာလို့ဆို သူ့ကောင်လေးက နောက်ထပ် စကားတွေဆက်တိုက်ပြောလာတဲ့အတွက်။

I Found Love In a Village [Completed]Where stories live. Discover now