Chapter ( 7 ) , part 2

1.2K 90 2
                                    

Unicode

အချစ်ငှက်နှစ်ကောင်ကြားက ရှင်းနောင်

ခွန်ရှင်းနောင်တို့သုံးယောက်လုံးက နီးစပ်ရာဆိုင်လေးထဲကို ဝင်လာခဲ့ကြသည်။ လရောင်က သူ့ကိုဘာစားချင်လဲဆိုပြီးမေးရာ သူလည်း ဘာဖြေပေးရမလဲမသိနဲ့ အနားက ဖျော်ရည်ဆိုင်ကို လက်ညိုးထိုးပြမိခြင်းသာ။ ဆိုင်ထဲကိုရောက်လာမှ သူနောင်တတွေ ရသွားသည်။

ဘာလို့ဆို ဆိုင်လေးက သောက်ရမ်းကျဉ်းနေတာကြောင့်ပင်။ အထဲမှာ ထိုင်ခုံပုလေး၄ခုံနဲ့ စာပွဲဝိုင်းတစ်ခုကို တွဲချထားသော ဝိုင်းမျိုး ၅ဝိုင်းသာရှိသည်။ အချင်းချင်းကလည်း နီးကပ်နေကြသည်။ ဒါကြောင့် ဆိုင်ထဲလူတစ်ယောက်မှ မရှိတာကို ရှင်းနောင်ကျေးဇူးတင်သွားသည်။

လရောင်နဲ့ ဟေမာန်ဦးက ဆိုင်ထဲကိုဝင်သွားပြီး တစ်နေရာမှာ
ထိုင်တောင်ထိုင်နေကြပြီ။ သူက အပေါက်ဝမှာရပ်နေမိတုန်းသာ။ လရောင်က ဘာဖြစ်လို့လဲမေးမှ ခေါင်းရမ်းပြပြီး အထဲကိုဝင်သွားသည်။

"အစ်ကိုဘာသောက်ချင်လဲ"

"အင်း... ဘာနေနေရပါတယ်။ အဆင်ပြေတာ တစ်ခုယူခဲ့လိုက်။ ဒါနဲ့ ဆိုင်ရှင်က ဘယ်မှာလဲဟ။ ကိုယ့်customerလာနေတာတောင် ထွက်မကြိုဘူး"

သူ့အသုံးအနှုန်းမှာ လရောင်ရယ် ဟေမာန်ဦးရယ်က တခဏအံသြသလို ကြည့်သွားသေးသည်။ ပြီးမှ လရောင်က ဖြေပေးသည်။

"ဆိုင်ရှင်က ဟိုမှာရှိတယ်လေ"

လရောင်က သူ့နောက်က ဆိုင်ထောင့်မှာရှိနေတဲ့ ဆိုင်ရှင်ကိုညွှန်ပြမှ သူလည်း 'အော်'ဆိုပြီး သံယောင်ပြုလိုက်ရသည်။

"ကျွန်တော် သွားမှာလိုက်ဦးမယ်နော်"

သူခေါင်းညိတ်ပြပြီးနောက် လရောင်က ချက်ချင်းထထွက်သွားရာ သူတို့နှစ်ယောက်စကားဝိုင်းကို ငြိမ်ကြည့်နေတဲ့ ဟေမာန်ဦးမှာ ခေါင်းထောင်လာသည်။ ပြီးနောက် ထွက်သွားသော လရောင့်နောက်ကျောကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ ကြည့်နေလေသည်။

လရောင်အဝေးကိုမရောက်ခင်မှာ သူမက စကားတွေထစ်စွာနဲ့ လှမ်းပြောလိုက်သည်။

I Found Love In a Village [Completed]Where stories live. Discover now