Chpater ( 33 )

844 66 6
                                    

Unicode

သူ့ကောင်လေးကို ယောက္ခ်မကြီးဆီမှ တခဏသွားငှါးရမ်းခြင်း

"တီ တီ တီ တီ တီ!!!"

သူ့နားထဲတိုးဝင်လာတဲ့ နှိုးစက်သံကြောင့် ခွန်ရှင်းနောင့်မျက်ခုံးတွေက ချက်ချင်းကိုတွန့်ကွေးသွားသည်။ မျက်လုံးကိုတွေကိုလည်း မဖွင့်ဘဲ အသံကြားရတဲ့ဆီကို လက်လှမ်းကာ ဖုန်းကိုလျောက်ရှာနေခဲ့သည်။ ဖုန်းကိုတွေ့တာနဲ့ ဆူညံလှပါတဲ့ နှိုးစက်ကိုအရင် သူပိတ်ပစ်လိုက်ပြီး အချိန်ကိုကြည့်မိတော့ ၆နာရီ ၄၅မိနစ်ဆိုပြီး ပြနေသည်။

"ကျစ်! အစောကြီးရှိသေးတာကို..။ နှိုးစက်က ဘာလို့ထမြည်လာတာလဲ။ ငါလည်း မချထာပါဘူး"

ဖုန်းလေးကို ပစ်ချလိုက်ရင်း ရှင်းနောင်ဆက်ပြီး အိပ်ဖို့ပြင်သည်။ ဒါမဲ့ အိပ်ချင်မူးတူဖြစ်နေတဲ့ သူ့ဦးနှောက်ထဲ တစ်ခုကို သတိရလာမိတဲ့အခါ မျက်လုံးတွေက ဖြတ်ကနဲ ပြန်ပွင့်လာခဲ့သည်။ သူ့ပေါ်က စောင်လေးကိုလည်း ကန်ချလိုက်ပြီး ရှင်းနောင်ချက်ချင်းထထိုင်လိုက်သည်။

"အား... ငါချထားတာလေကွာ"

ကုတင်ပေါ်ကနေ ရှင်းနောင်လေးမှာ ယိုင်ယိုင်နဲ့နဲ့ ပြေးဆင်းသွားတော့သည်။

သူလေးမှာ ရည်းစားတစ်ယောက်ကို ရထားခဲ့ပေမယ့် အဲ့ဒီရည်းစားလေးမှာ စာကြိုးစားလှပါတဲ့ သူလေးတစ်ယောက်ဖြစ်နေခဲ့သည်။ ပြီးရင် အရင်က အတူအိပ်လို့ ရခဲ့ပေမယ့် အခုတော့ ယောက္ခ်ထီးကြီးကြောင့် အတူအိပ်လို့မရတဲ့အခါ သူ့ကို တွေ့ဖို့အချိန်ဆိုတာ မရှိသလောက်ဖြစ်နေတော့ ရှင်းနောင်လေးမှာ ရတဲ့အချိန် တွေ့နိုင်အောင် စီစဉ်ထားရသည်။

လရောင်မနက်ခင်းကျူရှင်မသွားခင် တခဏလေးပဲဖြစ်ဖြစ် တွေ့ရအောင် မနက်ခင်းအစောကြီး ထရန် သူနှိုးစက်ချထားခဲ့တာဖြစ်သည်။ အစကတော့ ၆နာရီလောက်မှာ ထရင်ကောင်းမလား သူစိတ်ကူးမိပေမယ့် ကိုယ့်ကိုယ်ကိုယ် မထနိုင်ကြောင်း သိနေတဲ့အတွက် ၆နာရီ ၄၅မိနစ်ကိုပဲ ရွေးချယ်ခဲ့သည်။

သူအခု အိမ်အပြင်ကို မျက်နှာသစ်ရန် ပြေးထွက်ခဲ့ပေမယ့် ပုခုံးတစ်ဖက်မှာ လွယ်အိတ်လေးကို လွယ်ထားသော လရောင်ကို ခြံပေါက်ဝမှာ တွေ့လိုက်ရသည်။ ရှင်းနောင်က အခုမှ အိပ်ယာထဲကပြေးဆင်းလာခဲ့တဲ့အတွက် ဆံပင်တွေရှုပ်ရှပ်ခပ် ငှက်သိုက်လေးတစ်ခုလို ဖြစ်နေပြီး မျက်လုံးလေးတွေကလည်း ကောင်းကောင်းမဖွင့်နိုင်သေးဘဲ ခပ်မှေးမှေးလေးဖြစ်နေတဲ့အခါ အိပ်ချင်မူးတူးရုပ်လေးဆိုတာ အဝေးကမြင်တောင် သိနိုင်သည်။ ဒါမဲ့ လရောင်ကတော့ လုံးဝကိုသပ်ရပ်နေသည်။

I Found Love In a Village [Completed]Where stories live. Discover now