Chapter ( 37 )

978 84 2
                                    

Unicode

အစ်ကို့ကို ချစ်နေမိပြီထင်တယ်

အထုပ်ထဲသူ့အဝတ်တွေကို ခွန်ရှင်းနောင်တစ်ယောက်ဖြစ်သလိုသာ ပစ်ထည့်သည်။ တစ်ခါတစ်ခါမှာလည်း အမှိုက်ပစ်သလိုမျိုးသာ လွင့်ပစ်ကာထည့်လေသည်။

သူ့ပစ္စည်းတွေအကုန်ကို သိမ်းဆည်းပြီးချိန်တွင်တော့ အထုပ်ကိုဆွဲပြီး သွားဖို့သာ ပြင်လိုက်သည်။ တံခါးရှေ့ထိ သူရောက်လာတာတဲ့အခါ ရုတ်တရတ်ရပ်တန့်သွားပြီး အနောက်ကိုပြန်လှည့်ကာ အခန်းထဲကို လှည့်ပတ်ကြည့်မိသည်။ ဒါက သူ့အခန်းလို့ပြောလို့ရပေမယ့်လည်း သူအမှတ်ရနေတဲ့အများစုက တစ်စုံတစ်ယောက်နဲ့အတူ ဖြစ်နေသည်။ ထိုလူသူ့အတွေးထဲ ရောက်လာတယ်ဆိုတာနဲ့ ဆက်ပြီးမကြည့်တော့ဘဲ တံခါးကြမ်းကြမ်းတမ်းတမ်းဆွဲဖွင့်ကာ ဒုန်းကနဲမြည်အောင် ပိတ်ပြီး ထွက်သွားတော့သည်။

ကားဖြူလေးတစ်စီးက ရွာလမ်းလေးမှာ မနှေးမမြန်နှုန်းလေးနဲ့ သွားနေခဲ့သည်။ ရှင်းနောင်လည်း အရမ်းစိတ်ရှုပ်နေရတာကြောင့် အိပ်ပြီး လိုက်ဖို့စိတ်ကူးခဲ့ပေမယ့် တကယ်မှာ သူမအိပ်နိုင်ခဲ့။ လမ်းဘေးတစ်လျောက်လုံးက စိမ်းစိမ်းစိုစို သစ်ပင်တွေနဲ့ သူရင်းနီးလှတဲ့ နေရာလေးတွေကို ငေးငိုင်ပြီး ကြည့်နေခဲ့သည်။

နောက်စက္ကန့်ပိုင်းလေးမှာ လရောင်တို့ကျူရှင်ကို ဖြတ်သွားတာ့မှာကို သူသတိထားမိတဲ့အခါ မျက်လုံးတွေကို မှိတ်ထားလိုက်တော့သည်။ မဟုတ်ရင် သူမနေနိုင်စွာ လရောင်ကိုကြည့်နေမယ့် ကိုယ့်ကိုယ်ကိုယ်သိနေတဲ့အတွက်သာ။

၁စက္ကန့်
၂စက္ကန့်
၃စက္ကန့် ...။

ယခုအချိန်မှာ ဘာလို့များ စက္ကန့်ပိုင်းလေးက အရမ်းတွေရှည်ကြာနေတာလဲလို့ ရှင်းနောင်နားမလည်နိုင်ဖြစ်နေသည်။ သူ့မျက်လုံးတွေကိုလည်း အမြန်ပြန်ပြီး ဖွင့်ချင်နေခဲ့သည်။

ဆက်ပြီး သည်းမခံနိုင်တော့တဲ့အချိန် သူ့မျက်လုံးတွေပြန်ဖွင့်ပြီး ဘေးကို ချက်ချင်းလှည့်ကြည့်မိသည်။ ဒါမဲ့ သူလိုချင်ခဲ့တဲ့အတိုင်း လရောင်တို့ကျူရှင်ကို သူတို့ကားလေးက တခဏလေးနဲ့ကျော်သွားခဲ့ပြီ။ အဲ့ဒီအခါလည်း သူ့စိတ်ထဲ စိတ်ပျက်သွားတာကို ခံစားရပြန်သည်။

I Found Love In a Village [Completed]Where stories live. Discover now