Chapter ( 32 )

866 75 3
                                    

Unicode

အကယ်၍များ

သူ့ရှေ့ကို သွေးတွေရဲနေခဲ့ပါသော လက်တစ်ဖက်က ပေါ်လာခဲ့ချိန်တွင် လရောင်တကယ်ကို အံသြခဲ့ရသည်။ ဖြူဖွေးနေတဲ့ အသားအရေကြောင့်လား မသိပေမယ့် သွေးတွေက ရဲတောက်နေလျက် ကြည့်ရတာကို အရမ်းဆိုးလှသည်။ သူက ချက်ချင်းဆေးခန်းကို ခေါ်သွားချင်ပေမယ့် ရှင်းနောင်က အကြောက်အကန်ကိုငြင်းဆန်လာသည်။

သွေးတွေအများကြီးထွက်ထားလို့ ဒဏ်ရာက ဆိုးပုံပေါ်နေပြီး တကယ်က ဘာမှမဖြစ်ကြောင်း၊ နာတောင်မနာကြောင်း ခွန်ရှင်းနောင်က ဆက်တိုက်ပြော​နေခဲ့သည်။ ဒါကြောင့် သဘောကျရပါတဲ့ သူလေးကို အတင်းအကျပ်မခိုင်းစေနိုင်ပါတဲ့ လရောင်ကပဲ ရှင်းနောင့်စကားနားထောင်လိုက်ရသည်။ အိမ်မှာ ရှိတဲ့ဆေးကိုပဲ သူ​သေချာထည့်ပေးခဲ့ရသည်။ ပြီးရင် ကိုယ်အနည်းငယ်ပူနေသော သူကြောင့် လရောင်ဆေးသောက်ခိုင်းလိုက်ရသေးသည်။

"အစ်ကို ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ပါဗျာ။ နောက်ထပ်ဒဏ်ရာတွေ ထပ်မရပါစေနဲ့တော့"

"အေးပါ။ ဒီတစ်ခါက မတော်တဆဖြစ်လာတာပါကွာ။ ငါကစားလို့ မဟုတ်ဘူး။ ဒါနဲ့ မင်း... ဒီနေ့အိမ်စာတွေက များလား"

"ဟုတ်.. နည်းနည်းများတယ်"

သူ့ကောင်လေးက ဘဝတစ်ချိုးရောက်နေတဲ့၊ အရေးကြီးလှတဲ့ ဆယ်တန်းကျောင်းသာလေး ဖြစ်နေတယ်လို့ သူ့ကိုယ်သူ ရှင်းနောင်အမြဲသတိပေးထားပြီး လရောင်နဲ့တစ်ချိန်လုံး အတူရှိနေချင်စိတ်တွေကို သူအတော်ထိန်းထားခဲ့ရသည်။ ဒါမဲ့ လရောင်ရဲ့ကျောင်းပိတ်ရက်ပြီးသွားရင် ပြန်မယ်လို့ စိတ်ကူးထားပါတဲ့ သူ့အတွက် အချိန်က အခုငါးရက်လောက်ပဲ ကျန်တော့သည်။ ဒါကြောင့် လရောင်ကို စက္ကန့်တိုင်းကို သူနဲ့ပဲ အတူရှိနေစေချင်သည်။

ဒါမဲ့ ဒီကြားထဲ ထင်မထားတဲ့ ပြဿနာတွေက တက်လာသည်။ အခုသူ့ကောင်လေးက သူနဲ့အတူ အိပ်ခွင့်လည်း မရှိတော့။ မနက်ပိုင်းမှာလည်း မတွေ့ရ။ ကျူရှင်ကနေပြန်ရောက်လာတဲ့ နေ့ခင်းအချိန်မှာလည်း အိမ်စာတွေကို လုပ်နေရဦးမည်။ ညဘက်မှာလည်း ကျက်စာတွေကို ကျက်။ ဒီတော့... သူတို့ဘယ်အချိန်မှာများ အတူရှိနေရပါ့။

I Found Love In a Village [Completed]Where stories live. Discover now