Chapter ( 12 )

1.1K 93 2
                                    

Unicode

Zawgyi

ကလေးတွေနဲ့ ကစားနေပါတဲ့ ရှင်းနောင်

ပထမသုံးရက်အတွင်းမှာပဲ ခွန်ရှင်းနောင်ကို လရောင်အရိပ်လေးမျှ မတွေ့ခဲ့ရပေမယ့် နောက်ရက်တွေမှာတော့ အဝေးကနေ တွေ့ခွင့်ရခဲ့သည်။

လေးရက်မြောက်နေ့ သူကျူရှင်ပြန်လာချိန်မှာ သူ့ကိုအမြဲထိုင်စောင့်နေတတ်တဲ့ နေရာလေးမှာ ရှင်းနောင်ထိုင်နေခဲ့သည်။ ဒါမဲ့ သူ့နေရာတွင်တော့ အမွှာညီအစ်မနှစ်ယောက်က အစားရှိနေသည်။ တွေ့ရခဲသော ရှင်းနောင်ကို သူဝင်တွေ့ပြီး တောင်းပန်လိုက်ချင်ပေမယ့် သဘောတကျရယ်မောနေသော ရှင်းနောင်ကို ဖျက်မိမှာ စိုးတာကြောင့် သူ့အိမ်ကိုပဲ ဆက်လျောက်လာခဲ့တော့သည်။ နောက်ထပ် တစ်ရက်၊ နှစ်ရက်၊ သုံးရက်အထိ ကြာလာတဲ့တိုင်အောင် ရှင်းနောင်ကိုမတွေ့ချင်မတွေ့မယ် တွေ့ရင်လည်း အဲဒီညီအစ်မနှစ်ယာက်နဲ့သာ တွဲတွေ့နေရသည်။

ထိုနှစ်ယောက်ကို လရောင်မှာ ဘာကြောင့်မှန်းမသိ မကျေမနပ်ခံစားချက်နှင့်အတူ သဘောမကျဖြစ်နေသည်။ ရှင်းနောင်နဲ့ တစ်ခါတစ်ခါ ထပ်ပြီးတွဲတွေ့ရတိုင်း ထိုခံစားချက် ပိုတိုးလာသည်။ ပြီးရင် ရှင်းနောင်နဲ့ ဖြစ်နိုင်သမျှ မြန်မြန်ပြန်ပြီးအဆင်ပြေရန် ဦးနှောက်ခြောက်အောင် စဉ်းစားနေတော့သည်။ ဒါမှ ထိုနှစ်ယောက်နဲ့ သူ့ရှင်းနောင်ကို လရောင်တွဲမမြင်ရမှာဖြစ်သည်။

"ဟျောင် ငါတို့နဲ့ မုန့်ဝယ်လိုက်ခဲ့"

စာသင်ခုံမှာ ငုတ်တုတ်မေ့လျက် အတွေးလွန်နေသူ လရောင်ကို ဟိန်းခန့်သူဆွဲခေါ်လိုက်သည်။

"တော်ပြီ ငါမလိုက်ချင်ဘူး"

"ဟာ မင်းဒီရက်ပိုင်း ဘာတွေဖြစ်နေတာလဲ။ မရှိတဲ့ရည်းစားကို လွမ်းနေတာလားကွာ"

ငဟိန်းနဲ့အပြိုင် သူယဉ်မပြောနိုင်တာကြောင့် ဘာမှတုန့်ပြန်မနေဘဲ စာရေးခုံပေါ်မှောက်ချလိုက်သည်။ ဒါမဲ့ ငဟိန်းကတော့ သူ့ကိုမုန့်ဆိုင်တွေဆီ မရမကဆွဲခေါ်သွားတော့သည်။ ပြီးရင် သူတို့အသက်အတိုင်း ပေါင်းလာတဲ့ ၁၇နှစ်လုံးတွင် လရောင်တစ်ခါမှမကြားဖူးသော 'ငါ မုန့်ဝယ်ကျွေးမယ်'ဆိုသော စကားကို ပြောလေသည်။

I Found Love In a Village [Completed]Where stories live. Discover now