Chapter ( 21 )

1K 103 8
                                    

Unicode

ငါရဲ့တည်ငြိမ်လှပါတဲ့ ကောင်လေး ဘယ်ရောက်သွားပြီလဲ

ဒီနေ့ကတော့ ကျောင်းသား၊ ​ကျောင်းသူတွေအကုန် စောင့်မျှော်နေကြသော ကျောင်းသားစုံညီပွဲတော်နေ့ဖြစ်သည်။ အဲ့ဒါကြောင့် ကျောင်းသားတွေမှာ ပျော်ရွှင်နေကြပြီး အရမ်းတွေတက်ကြွနေကြသည်။ ဆရာတွေလည်း ပျော်ရွှင်မှုကို သူတို့လောက်မဖော်ပြပေမယ့် သူတို့လည်း အတူတူပဲသာ။

ကျောင်းဆောင်တစ်ခုရဲ့ရှေ့မှာ ဆုပေးဖို့နဲ့ အကဖျော်ဖြေဖို့ ဇာတ်စင်ငယ်လေးတစ်ခုကို စာသင်ခုံတွေဆင့်ပြီး ဆောက်ထားလေသည်။ စင်ရဲ့နောက်မှာ ကပ်ထားတဲ့ စာတန်းရှည်ကြီးမှာ ''အကြိမ်၂၀မြောက် ကျောင်းသားစုံညီပွဲတော်´´ ဆိုပြီး ဖြစ်သည်။ ဒီလိုတောရွာလေးတွေက စာသင်ကျောင်းတွေမှာ ပွဲတွေကို ရက်အတိအကျသတ်မှတ်ပြီး လုပ်တာမျိုး မရှိပေ။ လုပ်ချင်တဲ့အချိန် ထလုပ်တာမျိုး ဖြစ်လေသည်။ အခုလည်း မနှစ်အတွက် ဆုပေးပွဲနဲ့ စုံညီပွဲတော်ကို တွဲပြီး လုပ်လိုက်ပြန်သည်။

ပွဲရဲ့အစပိုင်းတွင် ဆုပေးပွဲအရင်လုပ်တာဖြစ်တာကြောင့် အခုစင်ရဲ့ရှေ့တွင် ဆရာ၊ ဆရာမတွေရယ် လူကြီးတွေရယ်က အများဆုံးဖြစ်ပြီး ကျောင်းသားအနည်းငယ်ပဲ ရှိသည်။ ဒီလိုနေ့တွေမှာ ကျောင်းသားတွေသာမက လူကြီးလူငယ်တွေကလည်း ရောက်လာကြသည်ဆိုတော့ ကျောင်းမှာ မုန့်ဈေးဆိုင်တွေ ပိုပြီးတောင် များနေသည်။ အဲ့ဒီအခါ ကျန်တဲ့ ကျောင်းသားတွေအကုန်မှာ ကျောင်းရဲ့မုန့်ဈေးတန်းကိုပဲ ရောက်နေကြသည်။

ကျောင်းသားတွေထဲ အကဖျော်ဖြေရန် လူတွေက သန့်ပြန်နေအောင် တောက်တောက်ပြောင်ပြောင်တွေကို ဝတ်ဆင်ထားကြသည်။ တိုက်ပုံအိင်္ကျီနဲ့ ပုဆိုးကို တွဲဝတ်ထားသူကဝတ်၊ ဂျင်းဘောင်းဘီ ဒူးပြဲတွေနဲ့ ပေါ့ပေါ့ပါးပါး ဝတ်သူကဝတ်၊ တချို့ကလည်း ဘယ်လိုပြောရမှန်းမသိအောင် ကြောင်တောင်တောင် ဝတ်စုံတွေကို ဝတ်ထားကြသည်။ ကျောင်းသူလေးတွေကလည်း မြန်မာဂျိတ်ထဘီတွေနဲ့ ဆံထုံးတွေနဲ့၊ တချို့က ဂါဝန်တွေနဲ့၊ စကတ်တွေနဲ့ ဖြစ်ကြရာ အရင်လို ဖြူစိမ်းကျောင်းတော်ကြီး မဟုတ်တော့ဘဲ ယနေ့မှာ အရောင်တွေ စုံလင်နေတော့သည်။

I Found Love In a Village [Completed]Where stories live. Discover now