Chapter ( 17 )

1.1K 94 10
                                    

Unicode

သန့်ရှင်းရေးလုပ်ရင်းနှင့် ဂျယ်လီနင်ခြင်း

ခွန်ရှင်းနောင်တစ်ယောက်မှာ မုန့်တစ်ဖက် ဖုန်းကတစ်ဖက်ကိုင်ရင်း ဧည့်ခန်းထဲကို လျောက်လာခဲ့ပြီး အေးဆေးထိုင်ချလိုက်သည်။ ဒါမဲ့ ခြံထဲကိုလျောက်လာနေသော လရောင်ကိုတွေ့တဲ့အခါ သူ့မျက်လုံးတွေ ဝိုင်းသွားရသည်။

ဒီနေ့က လရောင့်ကျောင်းပိတ်ရက်ဖြစ်ပြီး အချိန်ကလည်း ၈နာရီထိုးပြီးသွားပြီဖြစ်သည်။ လရောင်က ကျူရှင်ရောက်နေရမယ့်အချိန်မှာ သူ့ဆီကိုလာနေတော့ သူလည်း အံသြပြီး ပျော်သွားရသည်။

ရှင်းနောင်မှာ အိမ်ပေါက်ဝထိ ထပြေးသွားပြီး လရောင်ကိုရပ်စောင့်နေသည်။ သူခြေဘလာနဲ့မဟုတ်ရင် မြေပေါ်ဆင်းပြီး လရောင်ဆီအမြန်ရောက်အောင် ပြေးသွားမှာသာ။ သူ့ပုံစံကလည်း သခင်ပြန်လာလို့ ပျော်ရွှင်နေတဲ့ ခွေးပေါက်လေးလို ဖြစ်နေလည်း ရှင်းနောင်ဂရုမစိုက်နိုင်ပါ။

"လရောင် လရောင် လ​ရောင် မင်းတို့ ကျူရှင်က ဒီနေ့ပိတ်တယ်လား"

"မပိတ်ပါဘူး။ ကျွန်တော်မလိုက်တာ.."

"ဟမ်.. ဘာဖြစ်လို့လဲ။ မင်းနေမကောင်းလို့လား"

လရောင်ကျူရှင်မလိုက်ဘူးဆိုတာ မရှိသလောက်ရှားသည်။ အခုကျူရှင်ပျက်တယ်ဆိုတော့ ရှင်းနောင်တကယ်စိတ်ပူသွားရသည်။

"မဟုတ်ပါဘူးဗျာ။ ဒီနေ့ ကျွန်တော်တို့ ဘုန်းကြီးကျောင်းကို သန့်ရှင်းရေးသွားလုပ်ကြမလို့"

"သန့်ရှင်းရေး?"

"ဟုတ်.. ကျွန်တော်တို့ ဘောလုံးသွားကန်တဲ့ကျောင်းလေ။ အဲ့ကျောင်းက ဘုန်းဘုန်းက ကျွန်တော်တို့ကို ခေါ်ထားလို့။ ကျွန်တော်တို့အဖွဲ့ ဒီနေ့သွားကြမှာ။ အစ်ကိုရော လိုက်ခဲ့ချင်လား"

"အမ်......."

သန့်ရှင်းရေးလုပ်ဆိုတော့ သူသိပ်မလိုက်ချင်ပေ။

"သန့်ရှင်းရေးလုပ်တာက ဘယ်လောက်ကြာမှာလဲ"

"နေ့ဝက်​လောက်နေမှာ။ အဲ့ထက်လည်း ပိုကြာချင် ကြာနိုင်တယ်"

I Found Love In a Village [Completed]Where stories live. Discover now