Chapter ( 27 )

1.1K 97 7
                                    

Unicode

ရောင်ရောင်လေးရဲ့ first kiss

လရောင် သူ့ညီမလေးနဲ့ မုန့်ဆိုင်မှ ပြန်ရောက်လာပြီးနောက် ခွန်ရှင်းနောင်က သူ့အိမ်မှာ သွားနေဖို့ အကြံပြုလိုက်သည်။ သူ့အိမ်မှာ သူ့ဦးလေးက အလုပ်သွားနေပြီး သူ့အန်တီသွယ်ကလည်း တစ်ချိန်လုံးအလည်ထွက်နေသည်။ ဒီမှာက လရောင့်မိသားစုရှိနေတဲ့အခါ သူလေးမှာ သူ့ကောင်လေးရဲ့လက်ကိုတောင် ကောင်းကောင်းကိုင်ခွင့်မရခဲ့။

သူ့အိမ်မှာတော့ ဘယ်သူမှမရှိတဲ့အခါ... 'လရောင်နဲ့ ကြိုက်တာလုပ်လို့ ရတယ်'ဆိုသော အတွေးနဲ့ ရှင်းနောင်တစ်ယောက်က ပျော်နေသည်။

လရောင်လည်း သူ့အမေတို့ရှိနေတာကြောင့် စကားကိုတောင် အကျယ်ကြီးမပြောရဲ။ သူ့အမေတို့ကြားသွားမှာကို သူစိုးရိမ်နေသည်။ ဒါကြောင့် အန်တီသွယ်တို့အိမ်ကိုပဲ ထွက်လာခဲ့ကြသည်။

ဧည့်ခန်းထဲကို ရောက်လာပြီး ထိုင်ကြတဲ့အခါ ရှင်းနောင်ကတော့ သူ့ကောင်လေးနားကို တိုးကပ်ရင်း ပူးပူးကပ်ကပ်ထိုင်နေသည်။ သူ့ခေါင်းကိုလည်း လရောင်ပုံခုံးပေါ်သို့ မှီတင်ထားပြီး သေချာကိုင်ခွင့်မရှိခဲ့ပါသော လရောင့်လက်ချောင်းတွေကို ပွတ်သပ်ရင်း ဆုပ်ကိုင်နေသည်။ သူ့ရောင်ရောင်လေးက အနေခက်ပြီး ရှက်နေတယ်ဆိုတာ တောင့်တင်းနေပါသော ခန္ဓာကိုယ်ကနေ သိနေပေမယ့် သူကတော့ ဒီလိုပဲ နေချင်တာကြောင့် ဂရုမစိုက်ဘဲ ဆက်နေနေခဲ့သည်။

သူ့ခေါင်းထဲ ပြန်ရတော့မယ့်အကြောင်းကိုပဲ အာရုံစိုက်နေမိသည်။ သူမပြန်ခင်မှာ လရောင်နဲ့ ချစ်သူအဆင့်ထိ ရောက်ဖို့ကို သူမျှော်လင့်သည်။ လရောင့်ဘက်ကနေလည်း သူ့ကို သဘောကျပါတယ် ကြိုက်ပါတယ်ဆိုပြီး ပြောမယ့် စကားကို သူကြားချင်သည်။ ဒါမဲ့ ဒါကို ကြားရဖို့ သူဘာလုပ်ရမလဲဆိုတာတော့ စဉ်းစားမရဖြစ်နေသည်။ လရောင်ကို ပတ်ဝန်းကျင်ကို လျစ်လျူရှုချင်တဲ့အထိ သဘောကျလာအောင်လုပ်မယ်လို့ လေကြီးလေကျယ် ဟစ်ခဲ့ပေမယ့် တကယ်လက်တွေ့မှာ ဘာလုပ်ရမလဲ သူမသိတော့ပါ။

I Found Love In a Village [Completed]Where stories live. Discover now