Chapter ( 25 )

1.1K 97 8
                                    

Unicode

အတူအိပ်စက်ခြင်း

သူ့တိုက်ပုံအိင်္ကျီကြီးကို လရောင်က ရှင်းနောင်ကို ခြုံပေးပြီးတဲ့နောက် သူ့ကိုကျောပိုးကာ အိမ်ကိုပြန်လာခဲ့သည်။ အစမှာတော့ အရမ်းတွေပျော်ရွှင်နေပါသော ခွန်ရှင်းနောင်လေးက လရောင့်ကျောပေါ်နေ စနောက်ကျီစယ်နေပြီး ခိုးခိုးခစ်ခစ်ရယ်နေခဲ့သည်။ နောက်၅မိနစ်လောက်လည်း ကြာလာတော့ ရှင်းနောင်တစ်ယောက် သူ့အပေါ်မှာ အိပ်ချင်နေတဲ့ပုံ မိန်းမောပြီး လိုက်လာခဲ့သည်။

အိမ်ပြန်ရောက်လာတဲ့အခါ လူတွေအများကြီးရောက်နေကြကြောင်း မြင်လိုက်ရတော့ ရှင်းနောင်ရဲ့ အိပ်ချင်စိတ်က ကြက်ပျောက်ငှက်ပျောက်ကို ပျောက်သွားရသည်။ သူ့အန်တီသွယ်၊ သူ့ဦးလေး၊ လရောင်တို့မိသားစု၊ အမွှာနှစ်ယောက်၊ ဘေးအိမ်က လူကြီးအချို့နဲ့အတူ သူနဲ့အတူစော့ခဲ့တဲ့ ကလေးတွေကပါ သူ့ကိုထိုင်စောင့်နေကြသည်။ သူ့ကိုလည်း မြင်ကြရော အကုန်လုံးက စိုးရိမ်စကားတွေ ဆိုကြပြီး သူအဆင်ပြေရဲ့လားဆိုတာ တစ်ယောက်တစ်ခွန်းမေးကြသည်။ သူလည်း ရေတစ်ခွက်ကို အဝသောက်ပြီးတဲ့နောက် အကုန်လုံးကို ဖြေပေးရသည်။ ပြီးရင် ဘယ်လိုဖြစ်ပြီး အခန်းထဲ ပိတ်မိနေကြောင်း မေးတော့ သူအခန်းထဲ ဝင်သွားပြီး တစ်ယောက်ယောက်က လူမရှိဘူးအထင်နဲ့ ပိတ်သွားတယ်လို့ ရှက်ရှက်နဲ့ပဲ ရှင်းနောင်ပြောပြရသည်။

သူ့ဦးလေးကလည်း ဒီနေ့အလုပ်က အပြင်မှာ လူတွေနဲ့ စကားပြောရပြီး ဖုန်းကိုလည်း အလုပ်ရုံမှာပဲ ကျန်ခဲ့ကြောင်း ရှင်းပြပြီး တောင်းပန်စကားကို အထပ်ထပ်အခါခါဆိုနေသည်။ သူကတော့ ဘာမှမဖြစ်ပါဘူးပြောပေမယ့်လည်း သူ့အန်တီသွယ်က သူ့ဦးလေးကို မျက်စောင်းတွေထိုးပြီး စကားပင်မပြောတာကြောင့် ရှင်းနောင်ခိုးရယ်မိသည်။

သူ့ဒဏ်ရာတွေ ဆေးလိမ်းပေးပြီး လူကြီးတစ်ယောက်က နှိပ်ပြီးတောင် ပေးမယ်ပြောလေရာ သူ့ဒဏ်ရာက ခြေထောက်မှာဖြစ်တာကြောင့် အားနာစွာနဲ့ ငြင်းရသည်။ ဒါမဲ့ ထိုလူကြီး အတင်းတွေ ပြောနေတာကြောင့်ရော ဘေးကလူတွေ ဝိုင်းပြောနေတာကြောင့်ရော လက်ခံလိုက်ရပြီး နောက်တစ်စက္ကန့်ကြာတဲ့အခါ သူနောင်တရသွားသည်။

I Found Love In a Village [Completed]Where stories live. Discover now