Chapter ( 2 )

3.1K 180 3
                                    

Unicode

ရှင်းနောင်ရဲ့ ဒုက္ခရောက်ပုံတွေ

ချွေးသန်တရွဲရွဲနဲ့ ကောင်လေးတစ်ယောက်က သူ့အိမ်ထဲကို ဝင်လာခဲ့သည်။ သူ့ပုံစံမှာ အိင်္ကျီလက်ရည်အကွက်နှင့် ပုဆိုးတို့ကို ရိုးရိုးရှင်းရှင်းတွဲဝတ်ထားပြီး အဝေးကနေသာကြည့်ရင် ခပ်ငယ်ငယ်ကြည့်ကောင်းလှတဲ့ တစ်ယောက်ဖြစ်မယ်ဆိုတာ သေချာသည်။ ဒါမဲ့ ဖုန်တွေထဲ အပြေးအလွှားနဲ့ ဘောလုံးကစားလာခဲ့တာကြောင့် သူ့မျက်နှာထက်ချေးစီးကြောင်းတစ်ကြောင်းက သိသာလှသည်။ အဝတ်စားတွေနဲ့ သူ့ခေါင်းပေါ်မှာလည်း ဖုန်မှုန့်တွေက ဖွေးနေလျက်ရှိသည်။ မသိရင် ဖုန်တွေထဲ လူးလိမ့်ကစားလာခဲ့တဲ့ ပုံပေါ်သည်။

အဲ့ဒီချောမောတဲ့ ကောင်လေး သို့မဟုတ် ဖုန်တွေဖွေးနေသော ကောင်လေးကတော့ လရောင်ပဲဖြစ်သည်။

အိမ်ပြန်ရောက်ရောက်ချင်း လရောင်မှာ သူ့အမေရဲ့စာလုပ်ရန် တစ်ချက်လွတ်အမိန့်ကို ရလေသည်။ စာလုပ်ချိန်သက်သက် ကစားချိန်သက်သက်ထားပြီး သူစာလုပ်ပေမယ့်လည်း သူ့အမေကတော့ စာလုပ်ဖို့ တတွတ်တွတ် ခိုင်းနေတတ်သည်။ ဒါကြောင့် တွေ့ရာစာအုပ်လေးကို ကောက်ကိုင်ပြီး အိမ်အပြင်ဘက်က သရက်ပင်ကြီးအောက်တွင် စာလုပ်ရန်ထွက်လာခဲ့သည်။ စာရွက်လေးကို ဟိုလှန်ဒီလှန်နဲ့ လုပ်နေချိန်မှာ သူနဲ့အိမ်ချင်းကပ်ရပ်က ဦးသန့်ဇင်ရောက်လာခဲ့သည်။ ရန်ကုန်ကရောက်လာမယ့် သူ့တူလေးကို ကားဂိတ်မှာ သွားကြိုပေးဖို့ သူ့ကို အကူအညီလာတောင်းတာပင်။ အခုချိန်မှာ စာလုပ်ရမှာပျင်းနေသော လရောင်က ခြေကျင်ပြေးပြီး သွားကြိုရရင်တောင် အဆင်ပြေသည်။

သူ့အမေကို ပြောပြပြီးနောက် ခွင့်ပြုချက်ကို ရလိုက်တာနဲ့ ကားဂိတ်ကို ချက်ချင်းထထွက်လာခဲ့သည်။ သူ့ကိုသူ ဘယ်လိုပုံစံဖြစ်နေလဲဆိုတာ လရောင်တခဏ သတိမေ့နေခဲ့ပြီး ဘာမှလည်းမပြင်ဆင် ဒီအတိုင်း ဖုန်တွေဖွေးနေသော ရုပ်လေးနှင့် ထွက်လာခဲ့မိသည်။

ဒါမဲ့ ခါးပိုက်နှိုက်လို့ သူ့ကိုအထင်ခံရချိန်တွင် လရောင်မှာ နည်းနည်းတော့ မကျေမနပ်ဖြစ်သွားမိသည်။ တခြားသူတွေဆီကနေ ''လရောင်လေးက ရုပ်လေးကလည်း ချော၊ လိမ်လည်း လိမ္မာလိုက်တာ''ဆိုသော စကားတွေကို ခဏခဏကြားနေခဲ့ရပေမဲ့ အခုလိုခါးပိုက်နှိုက်နဲ့အထင်လွဲခံရတာ ပထမဆုံးအကြိမ်ဖြစ်သည်။

I Found Love In a Village [Completed]Where stories live. Discover now