Chapter ( 3 )

2.5K 159 1
                                    

Unicode

မင်းသားနဲ့မင်းသမီးရဲ့ ပွေ့ဖက်နမ်းရှိုက်တော့မယ့်ပုံစံ

ခွန်ရှင်းနောင်စိတ်အေးအေးထားပြီးနောက် အိမ်ထဲကိုဝင်ရန်အတွက် ပထမလှေကားထစ်လေးပေါ် တက်လာခဲ့သည်။ ရုတ်တရတ် အထဲကနေ ဘွားကနဲပေါ်လာသော လူအရိပ်ကြောင့် သူလန့်ပြီး နောက်သို့ပြန်လန်ကျမလို ဖြစ်သွားသည်။ နံရံကို ဆွဲထားလို့သာ သူလဲမကျသွားတာဖြစ်သည်။

တစ်ဖက်ကလူကို သူမျက်ခုံးတွေ တွန့်ကွေးရင်း မီးတောက်နေတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်ကာ 'လူတစ်ယောက်လုံးလာနေတာ ကန်းနေတာလား' ဆိုပြီး ပြောဖို့ ပြင်ဆင်နေသည်။ ဒါမဲ့လည်း သူ့ရဲ့ထိုအကြည့်က တစ်ခဏပဲ ခံပြီး ရုတ်တရတ်ထရယ်မိအောင် အတင်းအံကြိတ်ထားလိုက်ရသည်။

သူရှေ့မှာ ရပ်နေတဲ့သူကတော့ မနေ့ကသူ့ကိုလာကြိုပေးတဲ့ လရောင်ဆိုသော ကောင်လေးဖြစ်သည်။ သူ့ပုံစံက အခုမှ အိပ်ယာထလာတဲ့ပုံ။ ဆံပင်တွေက ထိုးထိုးထောင်ထောင်နဲ့ မျက်နှာပေါ် မှင်ရာတွေအပြည့် ရှိနေသည်။ နှာခေါင်းပေါ်မှာ မှင်တွေကို အပျောက်ကြီးချထားပြီး ပါးပြင်နှစ်ဖက်ပေါ်မှာတော့ ကြောင်နှာခေါင်းခမ်းမွှေးတွေလို အခြစ်တွေ ခြစ်ထားသည်။ မျက်လုံးနှစ်ဖက်ကိုလည်း စက်ဝိုင်းပုံဝိုင်းခြစ်ထားလေသည်။

"အစ်ကို ဘာဖြစ်သွားသေးလဲ။ အဆင်ပြေလား"

လရောင့်အသံက အိပ်ယာထကာစမို့ ခပ်သြသြနဲ့ ပုံမှန်အတိုင်းသာ မေးလိုက်သည်။ တကယ်စိုးရိမ်လို့ မေးတာမျိုးတော့ မဟုတ်။

ရှင်းနောင်နဲ့ ဝင်တိုက်မိတာနဲ့ ဒေါသထွက်လာတဲ့ မျက်ဝန်းတွေကို သူတွေ့လိုက်ရသည်။ ပထမဆုံးစတွေ့တုန်းကလည်း သူရဲ့ဒေါသထွက် စိတ်ရှုပ်နေသော အကြည့်တွေကို တွေ့လာရသည်။ ဒါကြောင့် ဘာမဟုတ်တာလေးနဲ့ ဒေါသပဲ ထွက်ချင်နေသော သူ့ရှေ့ကမြို့သားကို နည်းနည်းတော့ လရောင်သဘောမကျဖြစ်နေသည်။

"အဟွတ်! အဟွတ်.. အဆင်ပြေတယ် အဆင်ပြေတယ်"

ပါးစပ်ကိုလက်နဲ့ကာပြီး ချောင်းဆိုကာ ရယ်ချင်စိတ်ကို ထိန်းထားရင်း အဆင်ပြေကြောင်း ရှင်းနောင်ပြောလိုက်သည်။ လရောင့်မျက်နှာကို သူ့မျက်တောင်တွေ ပင့်ကြည့်ရင်း ရယ်ချင်စိတ်တွေက ပေါ်ပေါ်လာသည်။ နောက်တော့ ကြိတ်ရယ်နေလို့ပဲ မဖြစ်၊ ပြောပြမှ ဖြစ်မယ်ဆိုပြီး သူပြောပြရသည်။

I Found Love In a Village [Completed]Where stories live. Discover now