Chapter ( 24 ) , part 2

1K 105 8
                                    

Unicode

ကြိုးစားကြည့်ခွင့်ပေးမလား

"ငါတို့ပြန်ကြတော့မလား။ မင်းငါ့ကို ကျောပိုးမယ်လို့ပြောထားတာနော်။ တကယ်ကျောပိုးရမှာ။ ငါလမ်းမလျောက်နိုင်ဘူး။ လာ လာ ဒီအစ်ကြီးကို ကျောပိုးပါတော့။ အစ်ကိုကြီး ညောင်းလှပြီ"

လရောင့်အနောက်ကို သွားကာ ပုခုံးကို ကိုင်ပြီး ရှင်းနောင်တက်ဖို့ ပြင်နေသည်။ သူတို့အတွဲတွေ ဖြစ်တဲ့အခါ လရောင်ကို ကျောပိုးခိုင်းရမယ်လို့ သူတွေးခဲ့ပေမယ့် ထိုစိတ်ကူးလေးက ယခုဖြစ်နိုင်တဲ့ပုံမပေါ်။ သူတို့က အတွဲတွေ မဟုတ်ရင်တောင် သူ့ချစ်ရသူဆီက ကျောပိုးခံရတာက အမြတ်ပဲလေ။

ဒါကြောင့် ရှင်းနောင်လေးက အရမ်းတွေတက်ကြွနေပြီး လရောင်ပေါ်တက်ဖို့ ကြိုစားနေသည်။ လရောင်က သူ့အတွက် ထိုင်မပေးတဲ့အပြင် တောင့်တောင့်တင်းတင်းကြီး ရပ်နေတာကြောင့် ခြေတစ်ဖက် လက်တစ်ဖက် နာနေတဲ့သူလေးမှာ မတက်နိုင်ပါ။

"လရောင် ငါ့ကို နည်းနည်းလောက် ကုန်းပေးပါဦး"

"အစ်ကို..."

ပုခုံးပေါ်က သူ့လက်ကို လရောင်က ဆွဲကိုင်ပြီး သူ့ဆီကို လှည့်လာသည်။ စောနလေးက သူ့ကို ငိုပြနေခဲ့သော ကလေးမျက်နှာလေးက ပျောက်ကွယ်သွားပြီး လရောင်က တည်ကြည်နေသည်။ သူ့ကိုလည်း စိုက်ကြည့်နေပြီး သူ့လက်ကို လွတ်မပေးသလို သေချာကိုဆုပ်ကိုင်နေသေးသည်။

ရှင်းနောင်ကလည်း ရုတ်တရတ်ဆိုတော့ ခပ်တည်တည်ပြန်ကြည့်လိုက်သည်။

"အစ်ကို... ကျွန်တော့်ကို ရောင်ရောင်လေးလို့ ခေါ်တာ ကျွန်တော်သဘောကျတယ်"

သူ့မျက်ခုံးတွေကို အပေါ်ကို ပင့်တင်သွားပြီး လရောင်ကို နားမလည်တဲ့အမူအရာနဲ့သာ ပြန်ကြည့်နေမိသည်။

'ဘာလဲ။ မင်းရုတ်တရတ်ကြီး ဘာဖြစ်ချင်တာလဲ'

"ကျွန်တော့်အင်္ဂလိပ်စာအုပ်ထဲမှာ အစ်ကိုအဲ့လိုမျိုးရေးထားခဲ့တာ မဟုတ်လား။ သူများတွေ ကျွန်တော့နာမည်ကို အဲ့လိုခေါ်ရင် ကျွန်တော်သဘောကျမှာမဟုတ်ဘူး"

I Found Love In a Village [Completed]Where stories live. Discover now